News

လာမည့်တစ်ပတ်အတွင်း iMac အသစ်ထွက်ပေါ်လာနိုင်

လွန်ခဲ့တဲ့လအတွင်းက Apple ဟာ iPhone စီးရီးသစ်အပြင် အခြားပစ္စည်းများကို ထုတ်လုပ်ခဲ့ပေမယ့် ကျန်ခဲ့တာတွေလည်းရှိပါသေးတယ်။

Apple သတင်းတွေကို အစဉ်တစိုက်ဖော်ပြနေတဲ့ 9to5Mac သတင်းအရ Apple ဟာ လာမယ့် ရက်သတ္တပတ်မှာ ၂၁.၅ လက်မရှိ iMac သစ်ကို ထုတ်လုပ်သွားမယ်လို့ သိရပါတယ်။

ယင်း iMac အသစ်ဟာ 4K resolution ရှိမှာဖြစ်ပြီး Sharp ရဲ့ မျက်နှာပြင်ကို အသုံးပြုထားမယ်လို့ဆိုပါတယ်။ “iMac သစ်တွေကို အောက်တိုဘာ ၁၃ ရက်လောက်မှာ စတင်ဝယ်ယူနိုင်လိမ့်မယ်၊ ဒါပေမယ့် ထုတ်လုပ်မှုက နှေးတဲ့အတွက် နိုဝင်ဘာလောက်ဆို အလုံးရေ များများ ရနိုင်ပါမယ်”လို့ 9to5Mac ကဆိုပါတယ်။

iMac ဟာ ကုမ္ပဏီရဲ့ အဓိက ထုတ်ကုန်ဖြစ်နေသေးပေမယ့်လည်း Apple ကနေ တစ်ခြားပစ္စည်းများနဲ့ တန်းတူ update လုပ်ပေးခဲ့ခြင်းမရှိပါဘူး။ ယခင်လက iPhone 6S၊ iPhone 6S Plus၊ ၁၃ လက်မ iPad Pro တို့ကို နိုဝင်ဘာမှာ ထုတ်လုပ်မယ်လို့ ကြေညာခဲ့ပေမယ့် iMac အတွက်ကိုတော့ ထည့်သွင်းကြေညာခဲ့ခြင်းမရှိပါဘူး။ ဒါပေမယ့်လည်း နောက်ဆုံးထွက် OS X အသစ်ဖြစ်တဲ့ El Capitan ကြောင့် iMac အသစ်ဟာ ယခင်ကထက် ပိုမိုပြီး ဂရပ်ဖစ်ဒီဇိုင်းနဲ့ ဂိမ်းဆော့ကစားခြင်းတို့ကို လုပ်ဆောင်သွားနိုင်မယ်လို့ 9to5 Mac က ဖော်ပြသွားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *