News

Apple ကို မမုန်းကြောင်း Telsa အမှုဆောင်အရာရှိချုပ်ပြောကြား

ဘက်ထရီဖြင့်မောင်းနှင်နိုင်သည့်ကားဖြစ်သည့် Telsa စီးရီးကားများ ထုတ်လုပ်နေတဲ့ Telsa ကားကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Elon Musk ဟာ ၎င်းအနေနဲ့ Apple ကို မမုန်းကြောင်း ပြောကြားခဲ့တယ်လို့သိရပါတယ်။

Elon Musk ဟာ အင်တာဗျူးတိုင်းလိုလိုမှာ Apple ကုမ္ပဏီကို ပုပ်ခတ်ရာ ရောက်တဲ့ စကားမျိုးတွေပြောကြားခဲ့ဘူးတဲ့အတွက် ဒီသတင်းက ထူးဆန်းနေခဲ့ပါတယ်။

မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာလည်း Apple ဟာ Telsa က အလုပ်ထုတ်လိုက်တဲ့ အင်ဂျင်နီယာများ သွားရောက်စုဝေးရာနေရာလို့ ပြောကြားခဲ့ဘူးပြီး Apple Watch များကိုလည်း ကိုင်ပင်မကိုင်ဘူးကြောင်း ပြောကြားခဲ့ဘူးပါတယ်။

သို့သော်လည်း အောက်တိုဘာ ၉ ရက်မှာ Musk ဟာ ၎င်းနဲ့ Apple ကုမ္ပဏီကြား အမုန်းပွားနေသည်ဟူသည့် သတင်းများကို ငြင်းဆိုခဲ့ပြီး “ကျွန်တော် Apple ကို မမုန်းပါဘူး၊ Apple ဟာ လူတော်တွေအများအပြားရှိတဲ့ နေရာတစ်ခုဖြစ်ပြီး သူတို့ရဲ့ ထုတ်ကုန်တိုင်းကို ကျွန်တော်ကြိုက်ပါတယ်”လို့ Twitter ပေါ်မှာ ရေးသားခဲ့ပါတယ်။

Apple ဟာ အီလက်ထရောနစ်ယာဉ်ထုတ်လုပ်မယ်လို့လည်း ကြော်ငြာဘူးတဲ့အတွက် ယင်းသတင်းနဲ့ ပတ်သက်ပြီး ၎င်းအနေနဲ့ ဝမ်းသာကြောင်း Musk ကဆိုပါတယ်။

Apple Watch နဲ့ ပတ်သက်ပြီးတော့လည်း “Jony နဲ့ သူ့အဖွဲ့သားတွေရဲ့ ဒီဇိုင်းက တစ်ကယ်ကိုလှပပါတယ်၊ ဒါပေမယ့် အသုံးပြုနိုင်မှုအပိုင်းကတော့ လိုသေးတယ်၊ version 3 လောက်ဆိုရင်တော့ ကောင်းသွားမှာပါ”လို့ Musk က နောက်ထပ် Tweet တစ်ခုလုပ်ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *