News

ဧပြီလ၁ရက်နေ့မှစတင်ကာ အင်တာနက်၀န်ဆောင်မှုလုပ်ငန်း လိုင်စင်လျှောက်ထားခလျှော့ချမည်

Internet-Service-Licens

ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ အင်တာနက်ဝန်ဆောင်မှု လုပ်ငန်းလိုင်စင် လျှောက်ထားခကို ဧပြီလ ၁ရက်နေ့မှစ၍ ကနဦး လိုင်စင်ကို ကျပ်ငါးသိန်းမှ ကျပ်ငါးသောင်းသို့ လျှော့ချလိုက်ပြီး နှစ်စဉ်ကြေးကိုလည်း သုံးသိန်းခြောက်သောင်းမှ ခြောက်သောင်းသို့ လျှော့ချလိုက်ပြီဟု သိရသည်။
မြန်မာ့ ဆက်သွယ်ရေးမှ အင်တာနက် ဝန်ဆောင်မှု လုပ်ငန်းလိုင်စင် လျှောက်ထားခနှုန်းများ လျှော့ချပေးလိုက်သော်လည်း ရန်ကုန်မြို့ရှိ အင်တာနက်ဆိုင် အများစုမှာ ဆိုင်တိုးချဲ့ ဖွင့်လှစ်မှုထက် လက်ရှိ ဖွင့်လှစ်ထားသည့် ဆိုင်ကိုပင် ပြန်လည် ပိတ်သိမ်းမည့် အနေအထားတွင် ရှိနေကြောင်း အင်တာနက်ဆိုင် ဖွင့်လှစ်ထားသူများမှ ပြောသည်။

“မိုဘိုင်းဖုန်းတွေနဲ့အင်တာနက်သုံးစွဲနေတဲ့ ခေတ်မှာဒီဈေးနှုန်းဖြစ်သွားလည်းမဆန်းတော့ပါဘူး။ လျှောက်ထားခတွေ၊ နှစ်စဉ်ကြေးတွေ လျှော့ချရုံနဲ့ အင်တာနက်သုံးတဲ့လူ တက်မလာပါဘူး။ လိုအပ်နေတဲ့ မြန်နှုန်း၊ မြင့်မားနေတဲ့ လစဉ်ကြေးတွေကို အကောင်းဆုံး လုပ်ပေးမှ သုံးတဲ့သူ များလာပြီး ဆိုင်ဖွင့်ချင်တဲ့လူ ရှိလာမှာပါ” သာကေတမြို့နယ်တွင်းရှိ အင်တာနက်ဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။ယခု မိုဘိုင်းဖုန်းဖြင့် အင်တာနက် သုံးစွဲသူပမာဏမှာ လွန်စွာမြင့်တက်လျက် ရှိနေပြီး အင်တာနက်လိုင်း ကောင်းသည့် အင်တာနက်ဆိုင်များမှာလည်း နည်းပါးနေသည်ကို တွေ့ရသည်၊

အင်တာနက်ဆိုင်များ အနေဖြင့် Network ဂိမ်းကစားသူများကိုသာ အားထားနေရပြီး နောက်ရောင်းချမည့် ဖုန်းများတွင်လည်း အင်တာနက် စနစ်များ ပါဝင်လာဖွယ်ရှိသည့်အတွက် အင်တာနက် သုံးစွဲသူများမှာ မိုဘိုင်းလ်ဖုန်းကိုသာ ဦးစားပေးတော့မည့် အခြေအနေများ ရှိနေသည်ကိုလည်း တွေ့မြင်ရသည်။ အင်တာနက် ဆိုင်ပိုင်ရှင်များ အနေဖြင့် ငွေကြေးကုန်ကျမှု များစွာဖြင့် ဖွင့်လှစ်ထားသည့် အင်တာနက်ဆိုင်များ ဆက်လက်ရပ်တည်ရန် လစဉ်ကြေးနှင့် မြန်နှုန်းကို အဆင်ပြေအောင် ဆောင်ရွက်ပေးစေလိုသည်ဟု ပြောသည်။ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန၊ ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနသည် Public Access Center (PAC) ဝန်ဆောင်မှု လုပ်ငန်းလိုင်စင်ကို ၂ဝ၁၂-၂ဝ၁၃ ဘဏ္႑ာနှစ်က စ၍ ဆောင်ရွက်ပေးခြင်း ဖြစ်သည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *