Gaming

Batman Arkham Origins

Warner Brosရဲ့ ရုပ်ရှင်ရော ဂိမ်းအဖြစ်ပါ အောင်မြင်တဲ့ ထုတ်ကုန်တစ်ခုဖြစ်တဲ့ Batman : Arkham Originsဂိမ်းကို October 25, 2013မှာ Releaseလုပ်တော့မှာ ဖြစ်ပါတယ်။ Batman ဂိမ်းဆိုတာတော့ သိထားတဲ့အတိုင်း လူစွမ်းကောင်းတစ်ယောက်ရဲ့  ဘ၀နဲ့ သူနှိမ်နင်းရတဲ့ လူဆိုးတွေရဲ့အကြောင်းကို ဇာတ်အိမ်ဖွဲ့ထားတဲ့ ဂိမ်းတစ်ခုပါ။ တစ်ချိန်က လင်းနို့လူသား (Batman)လို့ ကလေးတွေ အရမ်းကြိုက်တဲ့ ရုပ်ရှင်ဇာတ်ကားကို ဂိမ်းအဖြစ်ပြောင်းလဲခဲ့တာ Arkham Cityပြီးရင် အခု Arkham Originsတွေဆိုပြီး Batmanစီးရီးတွေ ထွက်ရှိလို့နေပါတယ်။

ဒီတစ်ခါထွက်လာတဲ့ Arkham Originsက Arkham Cityလိုဇာတ်လမ်းမျိုး ဆိုပေမဲ့ ပြောင်းလဲမှုတစ်ချို့ လုပ်ထားပါတယ်။ Batmanနဲ့တိုက်ခိုက်တဲ့ လူဆိုးအသစ်တွေ ထပ်တိုးပေးထားတယ်၊ လက်နက် ပြောင်းလဲတယ် ဇာတ်လမ်းအနဲငယ် ပြောင်းထားတာတွေကို Arkham Originsမှာ တွေ့ရမယ်။ ဂိမ်းထဲမှာလဲ Batmanရဲ့ သဘာ၀တွေကို မြင်တွေ့ရမှာဖြစ်သလို ညဘက်မှ လူဆိုးတွေကို တိုက်ခိုက်တာ ဖြစ်တဲ့အတွက် ညဘက်မြင်ကွင်းနဲ့အတူ ကစားသူက Batmanကိုကိုင်တွယ် ကစားသွားရမှာ ဖြစ်ပါတယ်။

Warner Bros. Interactiveကထုတ်ပေးမှာဖြစ်ပြီး Developerအနေနဲ့ WB Games — Montreal, Splash Damageတို့က တာ၀န်ယူထားကြပါတယ်။ အကျဉ်းသား အများဆုံးရှိတဲ့ မြို့ဆိုမှတော့ ပြစ်မှုတွေကတော့ မျိုးစုံပေါ့။ အဲ့ဒီမြို့မှာ ရှိတဲ့ အကျဉ်းသားတစ်ချို့က ထွက်ပြေး လွတ်မြောက်နေတယ်ပေါ့။ ထွက်ပြေးလွတ်မြောက်နေတဲ့ အကျဉ်းသားတွေကို Batmanက နှိမ်နင်းနေရတယ်ပေါ့။ ဒီလိုပုံစံမျိုးနဲ့ ဆော့ကစားရမှာပါ။ မြင်ကွင်းတွေ အားလုံးကတော့ ညဘက်တွေချည်းပါဘဲ။ Batmanရဲ့ ထုံးစံအတိုင်းပါပဲ။ Arkham Originsမှာ Batmanရဲ့ရန်သူတော်ကြီး Jokerအပြင် တစ်ခြားရန်သူတွေလဲ ပါ၀င်လာပါတယ်။ ဂိမ်းထဲမှာ Batmanရဲ့ သဘာဝအတိုင်း သူရဲ့ ၀တ်ရုံ၊ လက်နက်တွေအပြင် အပြောင်းအလဲ လုပ်ထားတဲ့ လက်နက်အသစ် အသွင်အပြင် အသစ်တွေနဲ့ ဇာတ်အိမ် အပြောင်းအလဲလေးတွေကို မြင်တွေ့ရဦးမှာပါ။

လူဆိုးအသစ်တွေရဲ့ စွမ်းအားတွေက Batmanကိုပဲ နိုင်မလား Batmanကဘဲ လူဆိုးတွေကို နိုင်မလား ဆိုတာတော့ ဂိမ်းထဲမှာ ကစားသူရဲ့ ကစားပုံတွေပေါ်မှာ မူတည်နေပါတယ်။ အပြောင်းအလဲ တစ်ချို့မြင်တွေ့ရမဲ့ Batman: Arkham Originsကိုညဘက်မှ ထွက်လာပြီး လူဆိုးအားလုံးကို နှိမ်နင်းတဲ့ လင်းနို့လူသားရဲ့ ဟန်ပန် အမူအရာတွေကို အမြင်သစ်နဲ့ ပြန်တွေ့ရဦးမှာပါ။ Xbox 360 PCPS3Wii Uတို့မှာကစားနိုင်မဲ့ Arkham Originsပရိတ်သတ် တွေအတွက် Octoberလထဲမှာ ကစားနိုင်တော့မှာဖြစ်ကြောင်း သတင်းပေး လိုက်ရပါတယ်။

author-avatar

About Yahtar

အမည်ရင်းမှာ အောင်သက်ပိုင်ဖြစ်ပြီး Myanmar ICTတွင် Game Review, How To များကို ရေးသားလျက်ရှိပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *