News

ASUSရဲ့ PadFoneအသစ် Infinity

ထိုင်၀မ်အခြေစိုက် နည်းပညာကုမ္ပဏီ ASUSကတော့ အစောပိုင်းက ၎င်းတို့ကြေညာ ခဲ့တဲ့အတိုင်း Infinityဆိုတဲ့ PadFoneအသစ်ကို တိုင်ပေမှာ မိတ်ဆက်ပွဲထုတ် ခဲ့ပါတယ်။ အဆိုပါ PadFoneဟာ မျက်နှာပြင်အကျယ် ၅လက်မမှာ ရုပ်ထွက် Resolution 1920×1080ဖန်တီး ပေးထားပြီး Screenအမျိုးအစား ကတော့ Super IPSဖြစ် ပါတယ်။ Batteryက 2400mAhတပ်ဆင် ထားကာ အချက်အလက် ထားသိုဖို့ ဖုန်းတွင်း မှတ်ဉာဏ် 16GBနဲ့ 32GBဆိုပြီး Modelနှစ်မျိုး ရှိပါတယ်။ ဒါ့အပြင် မလုံလောက် သေးရင် ထပ်မံချဲ့ထွင်ဖို့ MicroSD Cardကိုလည်း စီစဉ်ပေးတားကာ ဖုန်းရဲ့ အဓိက ကင်မရာကိုတော့ 13MPအရည်အသွေး သုံးစွဲတပ်ဆင် ပေးထားပါတယ်။

ရှေ့ကင်မရာ 2MPရှိပြီး ဗီဒီယိုတွေကိုတော့ 1080pအရည်အသွေးနဲ့ ရိုက်ကူးနိုင်မှာပါ။ စမတ်ဖုန်းအချင်းချင်း ထိတွေ့လိုက်တာနဲ့ Dataတွေ ကူးပြောင်းစီးဆင်း သွားစေမယ့် NFC(Near Field Communication)စနစ်လည်း ထည့်သွင်း ထားပြီးတော့ WCDMA, LTEစတဲ့ အဆင့်မြင့်ကွန်ရက်တွေနဲ့ ချိတ်ဆက်သုံးစွဲ နိုင်မှာ ဖြစ်ပါတယ်။

ဖုန်းမှာတပ်ဆင်ထားတဲ့ SoC(System On a Chip)အနေနဲ့ Snapdragon 800 2.2GHzကို အသုံးပြုထားကာ RAMကိုလည်း 2GBသုံးပေးထားတာ မို့လို့ တကယ်ကို အဆင့်မြင့်တဲ့ PadFoneပဲ ဖြစ်ပါတယ်။ ဒါ့အပြင် PadFoneကို မောင်းနှင်တဲ့ OSဟာလည်း Android 4.2.2(Jelly Bean)ဖြစ်ပါတယ်။ အဆိုပါ PadFoneကို Titanium Black, Platinum Whiteဆိုပြီး ကာလာနှစ်မျိုးနဲ့ ထုတ်လုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ASUSက ထုတ်တဲ့ အဆိုပါ PadFoneရဲ့ ဈေးနှုန်းကိုတော့ ဒေါ်လာ ၆၄၀လို့ သတ်မှတ်ထားပြီး မြန်မာပြည်မှာလည်း မကြာခင် ၀ယ်ယူနိုင်တော့မယ်လို့ ခန့်မှန်းရပါတယ်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *