Apps

လက်မလွှတ်သင့်တဲ့ Appတွေ

မြန်မာအိုင်စီတီ ပရိသတ်တွေ လက်မလွှတ်သင့်တဲ့ စမတ်ဖုန်း Appလေးတွေနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီAppတွေဟာ အသစ် ဖြစ်တဲ့အပြင် ထူးခြားကောင်းမွန်တဲ့ Featureတွေနဲ့ ဆွဲဆောင်မှု ရှိတဲ့ အပြင်အဆင် တွေကြောင့် လူကြိုက်များပြီး အသုံး၀င်လျက် ရှိတာမို့ သင်လည်း အသုံးပြုနိုင်အောင် Download Linkတွေနဲ့ တကွ တင်ဆက်ပေးလိုက် ပါတယ်။

၁။ အရင်ဆုံး မိတ်ဆက်ပေးချင် တာကတော့ “Facebook Home”ဆိုတဲ့ Appလေးပါ။ Google Play Storeမှာ ရယူနိုင်ပြီး သင့်ဖုန်းရဲ့ Lock Screenကနေ သီချင်းနားထောင်တာ၊ သူငယ်ချင်းတွေရဲ့ Postတွေ၊ ဓာတ်ပုံတွေကို ကြည့်ရှုတာတွေပါ တစ်ခါတည်း လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ အခုဗားရှင်း အသစ်မှာတော့ Messageမှာ ပါ၀င်တဲ့ အချို့Stickerလေးတွေကို အန်နီမေးရှင်း ပုံစံမျိုး ဖန်တီးထားတာပါ တွေ့မြင်ရမှာ ဖြစ်ပါတယ်။

၂။ နောက်တစ်ခုကတော့ လူမှုကွန်ရက် Twitterဖြစ် ပါတယ်။ Twitterသုံးနေရင်းနဲ့ Conversation(စကားပြောခန်း)တွေကို ပိုမို လွယ်ကူစေပြီး အပြာရောင် လိုင်းထူတစ်ခုနဲ့ Tweetsတွေကို ချိတ်ဆက်ကာ နှစ်ယောက်နဲ့ အထက် သူငယ်ချင်းတွေ Group Chatပုံစံမျိုးပါ အသုံးပြုနိုင်ပြီလို့ သိရပါတယ်။ အန်းဒရွိုက်အတွက်ကော iOSအတွက်ပါ ဖန်တီးထုတ်လုပ် ထားတာ ဖြစ်ပါတယ်။

၃။ “2013 iTunes Festival in London”ဆိုတဲ့ Appကိုတော့ ဒီနေရာမှာ အခမဲ့ရယူနိုင်ပြီး လန်ဒန်မှာ ကျင်းပတဲ့ Appleရဲ့ iTunes Festivalပွဲကို အပြည့်အ၀ ခံစားနိုင်မယ့် Appလေး တစ်ခုပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ပွဲမှာဖျော်ဖြေတဲ့ အဆိုတော်တွေရဲ့ သီချင်းတွေကိုလည်း အခမဲ့ဒေါင်းလုဒ် ရယူနိုင်မယ်လို့ သိရပါတယ်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

One thought on “လက်မလွှတ်သင့်တဲ့ Appတွေ

Leave a Reply

Your email address will not be published. Required fields are marked *