Mobile Phone တွေအတွက် Accessories တွေထုတ်လုပ်တဲ့ Company တစ်ခုဖြစ်တဲ့ IK Multimedia က iLoud လို့ခေါ်တဲ့ Portable Bluetooth Player ကိုထုတ်လုပ်ရောင်းချလိုက်ပါတယ်။ သူ့နာမည်အတိုင်းပဲ အသံစွမ်းရည်ကိုကျယ်လောင် ကောင်းမွန်စွာ ခံစားနိုင်မယ့် စပီကာဖြစ်ပါတယ်။ သင့် ရဲ့ Android Phone ရဲ့ အသံစွမ်းရည်ကို အားမရတဲ့သူတွေအတွက်တော့ ဒီ စပီကာ က သင့်ကို စိတ်ကျေနပ်မှုပေးစွမ်းနိုင်ပါတယ်။
ကြိုးမဲ့စနစ်ဖြစ်တဲ့ Bluetooth ကိုအသုံးပြုထားတာဖြစ်လို့ ကြိုးတွေ တပ်ဆင်ရတဲ့ အလုပ်ရှုပ်မှုကင်ဝေးစေမှာပါ။Electronic Guitar တွေကိုတပ်ဆင်ပြီးလည်းအသုံးပြုနိုင်အောင်ပြုလုပ်ပေးထားပါတယ်။ iLoud မှာ ဘက်ထရီ တပ်ဆင်ထားပြီး ဆယ်နာရီကြာအသုံးခံတယ်လို့ အာမခံထားပါတယ်။
Android Phone အတွက် အကောင်းဆုံး အသံစွမ်းရည်ပေးနိုင်တဲ့ Portable Bluetooth Speaker

11
Nov