News

ပထမဆုံး ပြည်ပပွဲစဉ်အဖြစ် Actor starအဖွဲ့ စင်ကာပူသို့ သွားရောက်ကစားမည်

မြန်မာနိုင်ငံမှ Actor starဘောလုံးအသင်းသည် ပထမဆုံးပြည်ပပွဲစဉ်အဖြစ် စင်ကာပူရှိ တက္ကသိုလ် ကျောင်းသား ဘောလုံးအသင်းနှင့် စက်တင်ဘာလ ၂၅ရက်နေ့တွင် သွားရောက်ကစားမည်ဟု သိရသည်။ ယင်းခရီးစဉ်နှင့်ပတ်သက်၍ ဒါရိုက်တာဝင်းထွန်းထွန်းက “Actor Starအဖွဲ့က လွန်ခဲ့တဲ့ နှစ်နှစ်လောက် ကတည်းက သွားရောက် ဘောလုံးကန်ဖို့ အစီစဉ် ရှိခဲ့တယ်။ဟိုဘက်က ကမ်းလှမ်းတဲ့ အဖွဲ့က နှစ်ဖွဲ့ဖြစ်နေလို့ မကန်ဖြစ်ခဲ့ဘူး။ ဒီနှစ်မှာတော့ ဘောလုံးကန်ဖို့ စီစဉ်ဖြစ်သွားတယ်။ အားလုံးက မအားတဲ့သူတွေဖြစ်နေတော့ ရက်ကိုညှိရင်းနဲ့ စက်တင်ဘာ ၂၅ရက် ဖြစ်သွားတယ်။ သေသေချာချာလေးတော့ ကြိုတင် ပြင်ဆင်ထားတယ်”ဟု ပြောကြားသည်။

ထို့အပြင် “စင်ကာပူက တက္ကသိုလ်ကျောင်းသားတွေကလည်း အခုဆိုရင် ဟိုမှာပြိုင်ပွဲတွေ လုပ်နေကြတယ်။ ပြိုင်ပွဲတွေလုပ်ရင်းနဲ့ နောက်ဆုံးဖိုင်နယ်မှာ ဗိုလ်စွဲတဲ့အသင်းနဲ့ ကျွန်တော်တို့က ကန်ရမှာဖြစ်လို့ နည်းနည်းတော့ လျှော့တွက်လို့မရဘူး။ တော်တော်လေး ကြိုးစားရုန်းကန်ရမယ်”ဟု ဆက်လက်ပြောကြားခဲ့သည်။ အရှုံး အနိုင်သည် သာမည၊ ယှဉ်ပြိုင်ခြင်းသည်သာ အဓိက ဆိုသည့်အတိုင်း Actor Star ဘောလုံးအသင်းသည် Professional မဟုတ်သည့်အတွက် တစ်ဘက်အသင်းကို အနိုင်ကစားနိုင်ချင်မှ နိုင်လိမ့်မည်။ သို့ရာတွင် ချစ်ကြည်ရေးပွဲဖြစ်သည်နှင့်အညီ နှစ်နိုင်ငံချစ်ကြည်ရေးအတွက် အထောက်အကူ ဖြစ်စေပါမည်။ စင်ကာပူရောက်မြန်မာများကလည်း Actor Starအဖွဲ့ကို အားပေးရန် စောင့်မျှော်နေကြလိမ့်မည်ဟု ယုံကြည်ပါသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *