News, Review

Acer T232HLAbmjjz (LED Monitor)

Acer T232HLAbmjjz (LED Monitor)

Shwe Lamin Nagarမှ ပေးပို့လာသော သတင်းကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

အသစ်အသစ်ကို မျှော်လင့်နေတဲ့ Acer ပရိသတ်အတွက် Monitor Series အသစ်ဖြစ်သော T232HLAbmjjzကို ရွှေလမင်းနဂါးမှ တင်သွင်း ဖြန့်ချီလိုက်ပါပြီ။ IPS Panel Technology ကို အသုံးပြုထားပြီး Touch Screen Monitor အမျိုးအစားအသစ်ကို ထပ်မံမိတ်ဆက်လိုက်ပါတယ်။

Resolution (1920 x 1080)Full HDကို ရရှိခံစားနိုင်ပြီး  High Definition ရုပ်ထွက်များကို အပြည့်အဝ ပံ့ပိုးပေးနိုင်ခြင်း၊ 100,0000,000 : 1 (Contract Ration) က ကွဲပြားခြားတဲ့ အရည်အသွေးရရှိစေပြီး 23” အရွယ်အစားရှိတဲ့ Multi Touch Screen LED Monitor ဖြစ်ပါတယ်။ LED Technologyကို အသုံးပြုထားတဲ့အတွက် စွမ်းအင်သုံးစွဲမှုကို ချွေတာစေပါတယ်။ HDMI Port ပါဝင်ခြင်းက HD အသုံးပြုခြင်းများအတွက် သင့်ကို လွယ်ကူစေသလို ကြည်လင်ပြတ်သားတဲ့ အသံထွက်ကို ပေးစွမ်းမဲ့Built In Speaker (၂)လုံး ပါရှိခြင်းက သင့်ကို ပိုမို ပြည့်စုံစေမယ်။ ရုပ်ထွက်တိုင်းကို ချက်ချင်း ပြန်လည်တင်ပြပေးနိုင်တဲ့Response Time မှာ 5 ms ဖြစ်ပါတယ်။

Multimedia အသုံးပြုမှုများအတွက် အထောက်အကူပြုစေမည့်အပြင် သင့်ရဲ့စိတ်ကို လန်းဆန်းစေမည့် Acer T232HLAbmjjz ကို ဝယ်ယူချင်သူများအတွက် Acer ၏ Dealer, Reseller ဆိုင်များတွင်3 Years Warranty (Parts)/ 3 Years Warranty (Sevice) ဖြင့် လေ့လာ ဝယ်ယူနိုင်ပါသည်။
ဈေးနှုန်း  – 343,000  ကျပ် ဝန်းကျင်

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *