Shwe Lamin Nagarမှ ပေးပို့လာသော သတင်းကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။
ကမ္ဘာ့စမတ်ဖုန်းလောကထဲကို နောက်ထပ် ခြေလှမ်းတစ်ခုအဖြစ် Acer မှ Liquid Z5 စမတ်ဖုန်းကို ထုတ်ဖော်ပြသခဲ့ပါသည်။ Acerရဲ့ အောင်မြင်မှုရရှိနေတဲ့ Liquid Seriesထဲမှ Z5 Series အသစ်ကို ဆန်းသစ်လှပမှုတွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ ပြီးပြည့်စုံစေမဲ့ နေ့ရက်တိုင်းအတွက် Liquid Z5 က သင့်အတွက် ရောက်ရှိလာခဲ့ပါပြီ။ မြန်နှုန်းမြင့် Media Tek MT6572 Cortex A7 Dual Core 1.3GHz CPU ကိုအသုံးပြုထားတဲ့အတွက် မြန်ဆန်တဲ့ အတွေ့အကြုံသစ်တွေကို ရရှိခံစားရစေပါတယ်။ ပြည့်စုံစေမယ့် System Memory 1 GB ပါဝင်လာမှု့ကလည်း ကျေနပ်စေလောက်တဲ့ ဝန်ဆောင်မှုတစ်ခုအပြင် သိုလှောင်သိမ်းဆည်မှု ပမာဏ 4GB ထည့်သွင်းပေးထားပြီး 32GB အထိတိုးမြင့်နိုင်ခြင်းက လက်တွေ့ ဆန်တဲ့ ပြည့်စုံမှု ဖြစ်စေပါတယ်။ တန်းဝင် Budget စမတ်ဖုန်း တစ်လုံးအတွက် Mali 400 512 MB GPU က သင့်အတွက် ခန့်ညားစေမှာ အမှန်ပါ။ အရည်အသွေးမြင့် ပုံရိပ်တွေနှင့် ဂိမ်းများအတွက် အကောင်းဆုံးထောက်ပံ့မှု ပေးထားပြီး 5” inches FWVGA (854 x 480) ရုပ်ထွက်မျက်နှာပြင်က လှပတောက်ပြောင်တဲ့ မြင်ကွင်းတွေကို ရရှိစေမှာပါ။ Pixel Density အနုစိတ်ပုံဖော်မှုကလည်း 196 ppi ဖြစ်တာကြောင့် ကျေနပ်လက်ခံစေမဲ့ အမျိုးအစား ဖြစ်ပါတယ်။ သင့်ရဲ့ အမှတ်တရရှိစေမယ့် အကြောင်းအရာတွေကို မှတ်တမ်းတင်ဖို့ 5 MP Main Camera ပါဝင်လာပြီး0.3MP Fornt Camera ပါဝင်ကာ Feature များအနေဖြင့် auto focus sensor LED Flash တို့ပါဝင်ထားပါတယ်။
Liquid Z5 ကို 3G Network မှာမောင်းနှင်းနိုင်မှာ ဖြစ်ပြီး 3G Speed အတွက် လည်း HSDPA ကို 21 Mbps မှ HSUPA 5.76 Mbps အထိ ရရှိမှာဖြစ်ပါတယ်။ ဖုန်းအဝင်ဖြေကြားမှုအတွက် Acer ရဲ့ နာမည်ကျော် Float UI ပါဝင် လာမှာဖြစ်ပြီး Dual Sim အနေဖြင့် GSM & WCDMA ကွန်ယက်တွေကို အသုံးပြုနိုင်ခြင်းက အားသာချက် တစ်ခုဖြစ်ပါတယ်။ အသံပိုင်းဆိုင်ရာအတွက် ကမ္ဘာကျော် DTS Sound System နှင့်ပွဲထွက်လာကာ Blasts Clear Loud audio စနစ်က ကြည်လင်ပြီးသန့်စင်တဲ့ အသံထွက်စနစ်ကို ရရှိစေမှာ ဖြစ်ပါတယ်။ ဆန်းသစ်မှုတစ်ခုအနေဖြင့် အနောက်ဘက်ပါဝင်တဲ့ Sensor လေးကိုနှိပ်လိုက်မယ်ဆိုရင် Acer RAPID ရဲ့နည်းပညာကြောင့် Camera ကိုလျှင်မြန်စွာ ရှာဖွေနိုင်မှာ ဖြစ်ပြီး ဖုန်းအဝင်ဖြေကြားခြင်း Home Screen တို့ကို လျှင်မြန်စွာ ချိတ်ဆက်ပေးထားမှုက အံ့သြ လောက်စေမှာအမှန်ပါပဲ။ လူကြိုက်များတဲ့ Android Jelly Bean 4.2.2 Version ကိုအသုံးပြုထားတဲ့အတွက် အကြိုက်တွေ့စေမှာ အမှန်ပါ။ လှပပြီး ဆန်းသစ်တဲ့ ဒီဇိုင်းတွေ နည်းပညာအတွေ့အကြုံတွေ ပါဝင်ပြီး ဈေးနှုန်းသင့်တင့်တဲ့ စမတ်ဖုန်းတစ်လုံးကို ရှာဖွေနေသူတွေအတွက် Acer Liquid Z5ကို ရွေးချယ်ဖို့ ညွှန်းပါရစေ။ စိတ်ပါဝင်စားပြီး မေးမြန်း ဆက်သွယ်သူတွေအတွက် ရွှေလမင်းနဂါး ကုမ္ပဏီမှ တရားဝင်တင်သွင်းပြီး အာမခံသက်တမ်း(၁)နှစ် လေးထားကာ (၁၅၀ဝ၀ဝ) ကျပ်ဝန်းကျင် ဖြင့် ဝယ်ယူရရှိနိုင်ပါသည်။ ဖုန်းနံပါတ်များကတော့ 01-2300087~88, 09-250177761~62 သို့ စုံစမ်းမေးမြန်းနိုင်ပါပြီး၊