Shwe Lamin Nagarမှ ပေးပို့လာသော သတင်းကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။
ဈေးနူန်းသက်သက်သာသာနှင့် Functionအစုံအလင် ပါဝင်သည့်Notebookကိုသာ ဝယ်ယူအသုံးပြုချင်သော ကျောင်းသား/သူ လူငယ်လေးများအတွက် Acer မှ အသစ်ထပ်မံ ထုတ်လုပ်လိုက်သော Acer ရဲ့ Essential Series ဖြစ်တဲ့ Acer Aspire E5-411 Note Book ကလေးနဲ့ မိတ်ဆက်ပေးပါရစေ။ ကျောင်းသား/သူများအတွက်သာမက ရုံးသုံးနှင့် အိမ်သုံးအတွက် အသုံးပြုချင်သော Customer များအတွက်လဲ သင့်တော်ပြီးအကြမ်းခံသည့် Budgets Model E5-411 Note Book ဖြစ်ပါသည်။ CPU အနေဖြင့် Intel Processor N2830 ဖြင့် ဆင်ယင်ပေးထားပါသည်။ Memory ကိုတော့ 4GB DDR3L ဆိုသည့်အတိုင်း Power Consumption သက်သာစေမဲ့ Memory ကို ဆင်ယင်ပေးထားပြီး လူကြီးမင်းတို့၏ Data သိုလှောင်ဖို့အတွက် 500 GB HDD ကို တပ်ဆင်ပေးထားပါသည်။
ခွေကူးယူရန်နှင့် ဖတ်ရှုရန်အတွက် Acer ရဲ့ DVD Super Multi Double Layer ပါဝင်တဲ့အတွက် ပြည့်စုံမှုဆိုတာ ခံစားစေမှာအမှန်ပါ။ Screen Size 14.0” အရွယ်အစား Resolution ကောင်းကောင်းနှင့် Acer Cinercystal LED LCD ဖြင့်ဆင်ယင်ထားပါသည်။ Acer Nplify 802.4 b/g/n အမည်ရှိတဲ့ Wifi, Bluetooth BT, ပါဝင်တဲ့အတွက် လိုအပ်မှုတွေအတွက် ပြီးပြည့်စုံစေပါတယ်။ Port အနေဖြင့်ကတော့ USB 3.0,2.0, HDMI, VGA, GbLANလည်း ပါဝင်ထားပါသည်။ Battery အနေဖြင့် 6-cell Li-ion Battery ဖြင့် ဆင်ယင်ထားတဲ့အတွက် Battery Life time ကို ကြာရှည်စွာ အသုံးပြုနိုင်ပါသည်။ သင့်ရဲ့လိုအပ်ချက်တွေကို ပြည့်စုံစေမည့် Acer Aspire E5-411ကို အာမခံသက်တမ်း (၂)နှစ်အနေဖြင့် မြန်မာပြည်၏ ကိုယ်စားလှယ် Shwe Lamin Nagar Company မှဖြန့်ချီပြီး မြန်မာပြည် အမြို့မြို့ဆိုင်ရှိ ကွန်ပျူတာဆိုင်များတွင် ဝယ်ယူရရှိနိုင်ပါပြီ။
ဈေးနှုန်း – 349,000 Kyats ဝန်းကျင်