Laptops, News, Review

Acer Aspire E3-111 Mini Notebook

Acer Aspire E3-111 Mini Notebook

Shwe Lamin Nagarမှ ပေးပို့လာသော သတင်းကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။
ဆန်းသစ်ခေတ်မှီတဲ့ နည်းပညာနဲ့အတူ စတိုင်ကျ လှပစေတဲ့ Fashionနဲ့ အံဝင်ခွင်ကျအောင် ထုတ်လုပ်ထားသည့်အပြင် စွမ်းဆောင်ရည်မြင့် Notebook ကို ရှာဖွေနေသလား ? Acerရဲ့ လူကြိုက်အများဆုံး Essential Series ဖြစ်တဲ့ Acer Aspire E3-111 Mini Notebook လေးဖြစ်ပါတယ်..

Intelရဲ့ 4th Generation Intel Celeron N 2830ကို အသုံးပြုထားပြီး သင်ရဲ့လုပ်ဆောင်ချက်တွေကို မြန်နှုန်းမြင့် (2.17Hz) ဖြင့် စွမ်းဆောင်နိုင်ပြီး 2 GB Memory ကလည်း လျှင်မြန်မှုနှုန်းဖြင့် ထောက်ပံ့ပေးနိုင်ပါတယ် ….Data သိုလှောင်သိမ်းဆည်း နိုင်ရန်အတွက် 500GB HDDကို ထောက်ပံ့ပေးထားသည့်အတွက် သုံးစွဲသူတွေ အဆင်ပြေစေမှာ အမှန်ပါ။ Screen Size ကိုတော့ 11.6” LED LCD Screen က ပါဝါသုံးစွဲမှုကို ချွေတာပေးပြီး တိကျတဲ့ ရုပ်ထွက်တွေ ရရှိဖို့အတွက် Acerရဲ့ နာမည်ကျော် နည်းပညာဖြစ်တဲ့ High–Brightness Acer Comfy View & LED backlit TFT LCD ကို အသုံးပြုပေးထားပါတယ်။

Intel HD Graphic Series ဖြစ်ပြီး CardReader, Bluetooth, GLAN, WLAN, USD 3.0 Port တို့ စသည့် Interface စုံလင်သော Mini Notebook ဖြစ်ပါသည်။ Webcamနှင့် Wifi တွေအတွက် စိတ်ချမှုရရှိအောင် Acerရဲ့ Acer Crystal Eye HD Webcam Technologyနှင့် Acer Nplify 802.11 a/g/n ကို အသုံးပြုပေးထားပါတယ်။

11.6” Screen အရွယ်အစားရှိတဲ့ Mini Laptop ဖြစ်ပါတယ်..သွားလေရာကို သယ်ဆောင်သွားလို့ရတဲ့ အရွယ်အစားဖြစ်လို့ ခရီးသွားသူတွေ၊ အလုပ်ကိစ္စဖြင့် အသွားအလာများသူများ၊ ကျောင်းသား၊ ကျောင်းသူများအတွက် အထူးသင့်တော်မည့် mini laptop ဖြစ်ပါတယ်။… အရောင်အားဖြင့် ရွေးချယ်စရာ Silver, Gray, Brown, Pink အရောင်(၄)မျိုးဖြင့် ရရှိနိုင်ပါပြီ။

3 Cell Li-ion Battery ဖြစ်ပြီး အာမခံသက်တမ်း (၁) နှစ်ဖြင့် မြန်မာပြည်ရဲ့ တရားဝင် ကိုယ်စားလှယ် ရွှေလမင်းနဂါးမှ တင်သွင်းထားပါတယ်.. Fashion နှင့် နည်းပညာကို ပေါင်းစပ်ခံစားလိုသူများ Acer၏ Dealer, Reseller ဆိုင်များတွင် စုံစမ်းမေးမြန်း ဝယ်ယူနိုင်ပါတယ်။

ဈေးနှုန်း -310,000 ကျပ်ဝန်းကျင်

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *