Laptops, Review

Acer Aspire E3-111 Mini Notebook

Acer Aspire E3-111 Mini Notebook

ဆန်းသစ် ခေတ်မှီတဲ့ နည်းပညာနဲ့အတူ စတိုင်ကျ လှပစေတဲ့ Fashionနဲ့ အံဝင်ခွင်ကျအောင် ထုတ်လုပ်ထားသည့် စွမ်းဆောင်ရည်မြင့် Notebookကို ရှာဖွေနေသလား? Acerရဲ့ လူကြိုက်အများဆုံး Essential Series ဖြစ်တဲ့ Acer Aspire E3-111 Mini Notebook လေးနဲ့ မိတ်ဆက်ပေးပါရစေ။

Intelရဲ့ 4th Generation Intel Celeron N 2830ကို အသုံးပြုထားပြီး သင်ရဲ့ လုပ်ဆောင်ချက်တွေကို မြန်နှုန်းမြင့် (2.17Hz) ဖြင့် စွမ်းဆောင်နိုင်ပြီး 2 GB Memoryကလည်း လျှင်မြန်မှုနှုန်းဖြင့် ထောက်ပံ့ ပေးနိုင်ပါတယ်။… Data သိုလှောင် သိမ်းဆည်းနိုင်ရန်အတွက် 500GB HDDကို ထောက်ပံ့ ပေးထားသည့်အတွက် သုံးစွဲသူတွေ အဆင်ပြေစေမှာ အမှန်ပါ။ Screen Sizeကိုတော့ 11.6” LED LCD Screenက ပါဝါသုံးစွဲမှုကို ချွေတာပေးပြီး တိကျတဲ့ ရုပ်ထွက်တွေ ရရှိဖို့အတွက် Acerရဲ့ နာမည်ကျော် နည်းပညာဖြစ်တဲ့ High –Brightness Acer Comfy View & LED backlit TFT LCDကို အသုံးပြုပေးထားပါတယ်။

Intel HD Graphic Series ဖြစ်ပြီး CardReader, Bluetooth, GLAN, WLAN, USD 3.0 Portတို့ စသည့် Interface စုံလင်သော Mini Notebook ဖြစ်ပါသည်။ Webcamနှင့် Wifiတွေအတွက် စိတ်ချမှုရရှိအောင် Acerရဲ့  Acer Crystal Eye HD Webcam Technologyနှင့် Acer Nplify 802.11 a/g/n ကို အသုံးပြုပေးထားပါတယ်။

11.6” Screen အရွယ်အစားရှိတဲ့Mini Laptop ဖြစ်ပါတယ်။.. သွားလေရာကို သယ်ဆောင်သွားလို့ရတဲ့ အရွယ်အစားဖြစ်လို့ ခရီးသွားသူတွေ၊ အလုပ်ကိစ္စဖြင့် အသွားအလာ များသူများ၊ ကျောင်းသား၊ ကျောင်းသူများအတွက် အထူးသင့်တော်မည့် mini laptop ဖြစ်ပါတယ်။… အရောင်အားဖြင့် ရွေးချယ်စရာ Silver, Gray, Brown, Pink အရောင်(၄)မျိုးဖြင့် ရရှိနိုင်ပါပြီ။

3 Cell Li-ion Battery ဖြစ်ပြီး အာမခံသက်တမ်း (၁)နှစ်ဖြင့် မြန်မာပြည်ရဲ့ တရားဝင် ကိုယ်စားလှယ် ရွှေလမင်းနဂါးမှ တင်သွင်းထားပါတယ်။ Fashionနှင့် နည်းပညာကို ပေါင်းစပ် ခံစားလိုသူများ Acer၏ Dealer, Reseller ဆိုင်များတွင် စုံစမ်းမေးမြန်း ဝယ်ယူနိုင်ပါတယ်။

ဈေးနှုန်း – 310,000 ကျပ်ဝန်းကျင်

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *