Laptops, News, Review

Acer Aspire E1- 410 (Celeron)

Acer-Aspire-E1--410-(Celeron)

လုပ်ငန်းသုံး၊ အိမ်သုံး၊ ရုံးသုံး အတွက် Budget Notebook တွေကိုမှ ရွေးချယ်ဝယ်ယူ အသုံးပြုချင်သူတွေအတွက် Intel 4th Gen CPUကို အသုံးပြုထားတဲ့ Acer Aspire E1-410 (Celeron) Note Bookကို ထုတ်လုပ်လိုက်ပါတယ်။ Bay Trail Celeron Quad Core N2920 Processorကို အသုံးပြုထားတဲ့အတွက် မည့်သည့် အမှတ်တံဆိပ်နဲ့မှ မတူတဲ့ အရည်အသွေးကို ရရှိစေပါတယ်။ မြန်နှုန်းမြင့် Quad Core Processorကို အသုံးပြုထားတဲ့အတွက် လျှင်မြန်မှု့က အားသားချက်တစ်ခု ဖြစ်စေပါသည်။ Power စားသက်သာစေမယ့် 7.5W သာအသုံးပြုထားတဲ့ CPUကြောင့်  စွမ်းအင်ချွေတာမှုအပိုင်းမှာလဲ ကျေနပ်စရာပါ။ 2GB DDR3 Low Voltage Memoryကို နောက်ဆုံးထုတ် 1600MHzနှင့် မောင်းနှင်မှာဖြစ်တဲ့အတွက် လျှင်မြန်မှုက အားသားစေတဲ့အချက်တစ်ခုပါ။

500 GB HDD ရဲ့ဒေတာ သိုလှောင် သိမ်းဆည်းမှုက ဈေးနှုန်းနှင့် သင့်တင့်တဲ့ ဆင်ယင်မှုတစ်ခု ဖြစ်စေပါတယ်။ DVD Super Multi Double Layer Driveက မည့်သည့်အခွေကိုမဆို ရေးနိုင်၊ ဖတ်နိုင်ပြီး မကြာခင်ထွက်ရှိမည့် M-Discကိုလည်း Ready ဖြစ်နေစေမဲ့ ပထမဆုံးအမှတ်တံဆိပ် ဖြစ်စေပါတယ်။ 14”HD Acer Cinecrystal LED LCD Full HD Displayက Acerရဲ့ အများနှင့်မတူသော ရုပ်ထွက်အရည်အသွေးရဲ့ အောင်မြင်မှု မှတ်တိုင်တစ်ခုပါ။ မြန်နှုန်းမြင့် Acer ရဲ့ Nplify 802.11 b/g/n Wi-fi နည်းပညာက ကျေနပ်စေလောက်တဲ့ 2ဆ မြန်နှုန်းနဲ့ပါ၊ အကောင်းဆုံး အရုပ်ထွက်အရည်အသွေးကို ပိုင်ဆိုင်ထားတဲ့ Crystal EYE HD Webcamက သင့်ပုံရိပ်တွေကို အကောင်းဆုံးဖြစ်စေပါတယ်။ Bluetooth, USB 2.0, USB 3.0, HDMI, VGA, GbLAN, WLAN, စသည့်တို့ကို လိုသေးသည့်မရှိ ထည့်သွင်းပေးထားမှုက ပြီးပြည့်စုံစေပါတယ်။

ကြယ်စယ်စုဒီဇိုင်းနှင့် ဆင်စွယ်ရောင် တောက်တောက်လေးက ဝယ်ယူသူတွေအတွက် စိတ်ချမ်းသာမှုကို တိုးပွါးစေပါတယ်။ Window 8 Reconmend နဲ့ဆင်ယင်ထားတဲ့အတွက်  Update ဆိုတာကို ခံစားရရှိစေမှာဖြစ်ပါတယ်။ ပါဝါစား သက်သာစေတဲ့ အစိတ်အပိုင်း တွေနဲ့သာ ထုတ်လုပ်ထားတဲ့အတွက် 4Cell Li-ion Batteryက သင့်တင့်တဲ့ဖြည့်ဆည်းမှုပဲ ဖြစ်စေပါတယ်။ ဒါကြောင့် ဈေးနှုန်းလဲချိုသာပြီး ဒီဇိုင်းလဲလှ၊ စွမ်းဆောင်ရည်လဲ မြင့်တဲ့အတွက် ရွေးချယ်ဝယ်ယူချင်တယ် ဆိုရင်တော့ – 360,000  ကျပ်ဝန်းကျင်ဖြင့်  မြန်မာပြည် အနယ်နယ်အရပ်ရပ်ရှိ ကွန်ပျူတာ ဆိုင်ကြီးများတွင် ရွေးချယ်ဝယ်ယူ နိုင်ပါပြီဖြစ်ပါသည်။ မြန်မာပြည်အတွက် ရွှေလမင်းနဂါး ကုမ္ပဏီမှ တရားဝင်တင်သွင်းပြီး အာမခံ သက်တမ်း 2 Years အပြည့်အဝပေးထားပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *