Automobile

Fisker Karma

Fisker-Karma

ဒီတစ်ပတ် မိတ်ဆက်ပေးမယ့် ကားကတော့ Fisker Karmaလို့ ခေါ်တဲ့ တံခါး လေးပေါက်ပါ Luxury Sports Sedan ကားလေးပါပဲ။ အမေရိကန်ပြည်ထောင်စု၊ ကယ်နီးဖိုးနီးယားအခြေစိုက် Fisker ကား ကုမ္ပဏီကို 2007 ခုနှစ်ကမှ စတင် တည်ထောင်ခဲ့ပြီး ယခု Fisker Karma ကားကို ပထမဦးဆုံး ထုတ်လုပ်ခဲ့တာလည်း ဖြစ်ပါတယ်။ ကားကုမ္ပဏီ အသစ်ကနေ ထုတ်တဲ့ ကားဟာ အချိန်တိုအတွင်း လူသိ များလာတဲ့အကြောင်းအရင်းများအနက် ကမ်ဘာကျော် Pop အဆိုတော် Justin Beber လက်ရှိ စီးနေတဲ့ ကားဖြစ်တာက အဓိက အချက်ဖြစ်နေတယ်လို့ ဆိုရင် ရနိုင်ပါတယ်။ ဒါပေမယ့် Fisker Karma ကားမှာ အခြားကားများထက် ထူးခြားချက်၊ အားသာချက် များစွာလည်း ရှိနေပါသေးတယ်။ အနုပညာလက်ရာနဲ့ သိပ္ပံနည်းပညာ ပေါင်းစပ်ပြီး သဘာ၀ပတ်၀န်းကျင် ထိန်းသိမ်းမူကို အဓိက ဦးစားပေး တည်ဆောက်ထားခြင်းများဟာလည်း Fisker Karma အောင်မြင်မူရဲ့ အကြောင်းအရင်းများပါပဲ။

Fisker Karma ကားဟာ Plug-in hybrid ကားပါ။ Hybrid အမျိုးအစားထဲမှ Pure Series hybrid အမျိုးအစားဖြစ်တဲ့အတွက် ကားကို 120 Kw (161 hp) မော်တာနှစ်လုံးနဲ့ နောက်ဘီးများမှ မောင်းနှင်မှာ ဖြစ်ပါတယ်။ စွမ်းအင်ကိုတော့ 20kwh Lithium-ion ဘက္ကရီမှ ရရှိမှာပါ။ ဘထ္ထရီကိုတော့ ကား၏ နောက်အောက်ပိုင်းတွင် မထားရှိဘဲ၊ ယဉ်မောင်းထိုင်ခုံနှင့် ရှေ့ထိုင်ခုံ အောက်ကြားတွင် ထားရှိခြင်းအားဖြင့် နောက်မှ ကား၀င်တိုက်ခဲ့သော် ပျက်စီးမှု မရှိစေရန် တပ်ဆင်ထားပါတယ်။ ဘထ္ထရီအား လျော့နည်းလာချိန် (သို့) ကားအတွင်းပါရှိသော ‘‘Sport’’ ခလုပ်ကို ပြောင်းလဲလိုက်ပါက ကား၏ ရှေ့ ပိုင်းတွင် တပ်ဆင်ထားသော 2.0 liter Eco tecc VVT အမျိုးအစား ဓာတ်ဆီအင်ဂျင်မှာ လည်ပတ်လာပြီး ဂျင်နရေတာ (Generator) မှတဆင့် မောင်းနှင်သောမော်တာများသို့ လျှပ်စစ်ပေးပို့ပြီး ဆက်လက် မောင်းနှင်မှာ ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ ဘထ္ထရီများကိုလည်း အားပြန်သွင်းပေးမှာပါ။

နောက်ထပ် ထူးခြားမူကတော့ ကားရဲ့ ခေါင်မိုးကို Solar Glass (ဆိုလာမှန်ပြား) ဖြင့် ပြုလုပ်ထားပြီး နေရောင်ခြည် စွမ်းအင်ကိုလည်း ဘထ္ထရီများ အားသွင်းရာတွင် အသုံးပြုမှာ ဖြစ်ပါတယ်။ ထို့အပြင် ကားရဲ့ အတွင်းပိုင်း တည်ဆောက်ရာမှာလည်း reclaimed, recycled, reusable ဆိုတဲ့ ထပ်ခါတလဲလဲ အသုံးပြုနိုင်သော ပစ္စည်းများနဲ့ ပြန်လည်သုံးနို်င်သော စွန့်ပစ်ပစ္စည်းများကိုသာ အသုံးပြုပြီး တည်ဆောက်ထားပါတယ်။ အတွင်းပိုင်း အနားကွပ်များနဲ့ ယခင် ပလက်စတစ်ပစ္စည်းနေရာအချို့ ကို သစ်သား အသုံးပြု တည်ဆောက်ထားပါသေးတယ်။ အသုံးပြုသော သစ်သားများမှာ ရှင်သန်နေသော အပင်များမှ ရယူထားတာ မဟုတ်ဘဲ သဘာ၀အလျောက် ပြိုလဲကျနေသော အပင်များ၊ မီးလောင်ကျွမ်းပြီး ကျန်ခဲ့သော အပင်ကြီးများနဲ့ ရေကန်ကြီးများအောက်တွင် နစ်မြုပ်နေသော သစ်များကိုသာ အသုံးပြုပြီး တည်ဆောက်ထားခြင်းကို Fisker Karmaတွင် ထူးခြားစွာ တွေ့ရမှာပါ။

အမြန်ဆုံး မောင်းနှင်အားမှာ တစ်နာရီကို 125 mph (201 km/h)ထိ မောင်းနှင်နို်င်ပါတယ်။ 6.3 စက္ကန့်အတွင်းမှာ 60 mph (97 km/h)ထိ မြှင့်တင်နိုင်ပါတယ်။ ဆီစားနှုန်းကတော့ ‘‘Sleath’’ mode ဖြင့် မောင်းနှင်ပါက တစ်နာရီ 52 mile မောင်းနှင်နိုင်ပြီး ‘‘Sport’’ modeဖြင့် မောင်းနှင်ပါက တစ်နာရီ 20 mileသာ မောင်းနှင်နိုင်မှာပါ။ ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှင့်မှုက 51 g/km ရှိပါတယ်။
ဒီလို နည်းပညာလဲမြင့်၊ ဒီဇိုင်းလဲ ဆန်း၊ ပတ်၀န်းကျင် ထိမ်းသိန်းမှု အားကောင်းတဲ့ Fisker Karmaကို စီးချင်တယ်ဆိုရင်တော့ US$ 160,000 ၀န်းကျင် ကုန်ကျခံရမှာ ဖြစ်တဲ့အတွက် အမိုက်စား Luxury sport ကားအဖြစ် သတ်မှတ်လိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *