Shwe Lamin Nagarမှ ပေးပို့လာသော သတင်းကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။
ပြိူင်ဆိုင်မှုပြင်းထန်လွန်တဲ့ Smart Phone စစ်မြေပြင်ထဲကို Notebookတွေ ထုတ်လုပ်ပြီး အောင်မြင်မှုတွေရနေတဲ့ Acer အမှတ်တံဆိပ်လဲ ဝင်ရောက်ခဲ့ပါပြီ။ ပထမဆုံးအနေနဲ့ ဝင်ရောက်ခဲ့တာကတော့ Acer Z3-130 Smart Phone Model ပဲဖြစ်ပါတယ်။ချစ်စရာကောင်းပြီး စွဲမက်ဖွယ်အသွင်အပြင်တွေနဲ့ လူငယ်ပိုင်းတွေကို ဦးတည်ပြီး ထုတ်လုပ်လိုက်ပါတယ်။ ဒါပေမဲ့ အသက် 7 နှစ်မှအသက် 70 အထိ အသုံးပြုလို့ရနိုင်အောင်လဲ ကြိုးစားဖန်တီးထားခြင်းက Acer Smart Phone တွေကို လူတိုင်းလက်ခံစေမယ့်သဘောကို ရရှိစေပါတယ်။ ကမ္ဘာကျော် Media Tak မှထုတ်လုပ်ထားတဲ့ CPU Dual Core 1GHz Processor ကိုတပ်ဆင်ထားပြီး Fast HSPA Connectivity 900/2100MHz ရရှိပြီး GSM 850, 900, 1800, 1900 MHz အထိကို အမြန်ဆုံး ထောက်ပံ့ပေးပါတယ်။RAM အတွက်512 MB ထည့်သွင်းပေးထားကာ ROM သိုလှောင်မှုအတွက်ကိုတော့ 4GB ကိုအသင့်အသုံးပြုနိုင်အောင် ကြိုးစားထားပါတယ်။ Micro SD ကိုတော့ 32 GB အထိ ထပ်မံတိုးမြှင့် အသုံးပြုနိုင်ပါသည်။ ချစ်စရာမျက်နှာပြင် 3.5 လက်မပါရှိကာ Resolution ကို 320×480 အထိ ထောက်ပံပေးထားပြီး Capacitive Touch မျက်နှာပြင်ကို အသုံးပြုထားတဲ့အတွက် ညက်ညောတဲ့ ထိတွေ့မှု့ကို ခံစားရရှိမှာဖြစ်ပါသည်။ ဓါတ်ပုံရိုက်ရန်အတွက် 3MP ရှိတဲ့ ကင်မရာကို Fornt Camera အနေဲ့ ထည့်သွင်းပေးထားပါတယ်။ Dual Sim ဖြစ်ကာ Wifi, Bluetooth, GPS စနစ်တို့ကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။
သံအရည်အသွေးကို အလေးထားသူတွေအတွက် ကမ္ဘာကျော် DTS Sound System ကိုအသုံးပြုထားတဲ့အတွက် အသံပိုင်းဆိုင်ရာမှာ ကျေနပ်စေမှာ ဖြစ်ပါတယ်။ ထူးခြားတဲ့ Acer ရဲ့ ကြိုးစားမှုတစ်ခုကတော့ အသက်7နှစ်ကနေ အသက် 70နှစ်အထိ အသုံးပြုလို့ လွယ်ကူစေမယ့် Quick Mode VI ကိုထည့်သွင်းပေးထားကာ Acer Float Celler နည်းပညာ၊ Acer data trafficmanager၊ Acer my Style အစရှိတဲ့ Acer ရဲ့အသုံးဝင်မှု နည်းပညာသစ်တွေကို သင် ရရှိခံစားရစေမှာ ဖြစ်ပါတယ်။ Android Version ကိုလည်း လူကြိုက်အများဆုံး 4.2.2 Jelly Bean ကိုထည့်သွင်းပေးထားမှုက ကျေနပ်စရာပါ။ မျက်နှာပြင် ပွန်းပဲ့မှု့ကိုခံနိုင်ရည် ရှိတဲ့ Flip Cover ပါဝင်တဲ့အတွက် အကာအကွယ် ထပ်မံဝယ်ယူစရာ မလိုတော့ပါဘူး။ ကမ္ဘာကျော် Google Play Store မှာတရားဝင် Download လုပ်ခွင့်ရရှိမှာဖြစ်ပြီး Acer Cloud Portal မှာအခမဲ့ သိမ်းဆည်းခွင့် 5GB ရရှိမှာဖြစ်တဲ့အတွက် အားသာချက်တစ်ခုဖြစ်ပါတယ်။ Battery အတွက် talk time 6 နာရီ အထက်ရရှိမှာဖြစ်ပြီး Stand by အနေနဲ့ 450 နာရီ အထက်ရရှိနိုင်တဲ့ 1500mAh Battery ကို အသုံးပြုထားပါတယ်။ root ဖောက်စရာမလိုဘဲ မြန်မာစာ အသင့်ပါတဲ့အတွက် အသုံးပြုသူတွေအတွက် အဆင်ပြေစေနိုင်မဲ့ ဖုန်းလေးဖြစ်ပါတယ်။ ရွှေလမင်းနဂါးကုမ္ပဏီမှ တရားဝင်ဖြန့်ဖြူးလျှက်ရှိပြီး အာမခံသက်တမ်း (၁)နှစ်ပေးထားပါသည်။ ဈေးနှုန်းကတော့ 80,000 Kyats ရှိပြီး ဆက်သွယ်ဝယ်ယူချင်တယ်ဆိုရင်တော့ Ph-01-221683, 01-217233, 01-2300087, 01-2300088 သို့ ဆက်သွယ်မေးမြန်း မှာယူနိုင်ပါသည်။