News

၂၀၁၃-၂၀၁၄ ပညာသင်နှစ်တွင် ပညာရေး ၀န်ထမ်းများ ပိုမို ခန့်အပ်သွားမည်

techer

စာသင်ကျောင်းများတွင် ဆရာ၊ ဆရာမ အင်အား လုံလောက်ပြီး သင်ကြားရေး အထောက်အကူ ပြုရန်အတွက် ယခု ၂၀၁၃-၂၀၁၄ ပညာသင်နှစ်မှာ ဆရာအတတ်ပညာ သင်တန်းဆင်းများကို ဆရာ၊ ဆရာမ လိုအပ်သည့့်ကျောင်းများတွင် ထပ်မံခန့်အပ်သွားမည်ဖြစ်ပြီး အခြေခံပညာအဆင့်ကျောင်းများမှာ အတန်းလိုက် ဘာသာရပ် သင်ခန်းစာ ဆိုင်ရာ သင်ထောက်ကူ ပစ္စည်းများနဲ့ သိပ္ပံပစ္စည်း လိုအပ်ချက်များကို စိစစ်ပြီး ဖြည့်ဆည်းပေးသွားဖို့လည်း ရှိတာ ဖြစ်တယ်လို့ ပညာရေး ၀န်ကြီးဌာနမှ တာ၀န်ရှိသူ တစ်ဦးရဲ့ ပြောပြချက်အရ သိရသည်။

အဆိုပါဖြည့်ဆည်းမှုများဆောင်ရွက်ရာတွင်ကဏ္႑အလိုက်ကွန်ပျူတာနှင့်ဆက်စပ်ပစ္စည်းများကိုလက်တွေ့အသုံးပြုသင်ကြားနိုင်ရန် ပြုလုပ်သွားမည်
ဖြစ်ကြောင်းသိရသည််။ယင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ယခု ပညာသင်နှစ်အတွင်း ငွေကျပ် ဘီလီယံ ၉၀၀ခန့်ကို နိုင်ငံတော်မှ ပညာရေးကဏ္႑ အတွက် သုံးစွဲပေးသွားမည် ဖြစ်ကြောင်းသိရသည်။ ယခုလက်ရှိ ပညာသင်နှစ်အတွက် ပြင်ပ ဘွဲ့ရများကို ရွေးချယ် ခန့်အပ်ကာ ဆရာ၊ ဆရာမ အရည်အသွေး ပြည့်၀စေရေးအတွက် ဆရာအတတ်သင် သင်တန်းများကိုလည်း ဆက်လက် တက်ရောက်ရေး စီစဉ်ဆောင်ရွက်သွားရန် ရှိကြောင်း သိရှိရသည််။

Leave a Reply

Your email address will not be published. Required fields are marked *