News

ကမ္ဘာတစ်ဝန်း စမတ်ဖုန်း ရောင်းအားတက်

smark phone

ကမ္ဘာတစ်ဝန်း စမတ်ဖုန်း ရောင်းအားသည် ယခုနှစ် ပထမ သုံးလပတ်အတွင်း ၂၁၆သန်း ရှိသွားပြီ ဖြစ်သောကြောင့် သာမန် ဖုန်းရောင်းအားကို ကျော်တက်သွားပြီ ဖြစ်ကြောင်း IDC သုသေသနအဖွဲ့က သတင်း ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ သာမန်ဆဲလ်ဖုန်းများကို ယခုနှစ် ပထမ သုံးလပတ်အတွင်း လုံးရေ ၁၈၉သန်းသာ ရောင်းချခဲ့ရပြီး မိုဘိုင်းလ်ဖုန်း ထုတ်လုပ်မှု စုစုပေါင်း ၄၁၉ သန်းအနက် စမတ်ဖုန်း ရောင်းချရမှုသည် ၅၁ ဒဿမ ၆ ရာခိုင်နှုန်း ရှိပြီဟု IDCက ပြောကြားသည်။

စမတ်ဖုန်းရောင်းအားသည် အမေရိကန် ပြည်ထောင်စုတွင် ၂၀၁၁ ခုနှစ်ကတည်းက ပုံမှန်ကျော်တက်ခဲ့ခြင်း ဖြစ်ပြီး ဖံွ့ဖြိ်ုးဆဲနိုင်ငံများဖြစ်သည့် တရုတ်၊ အိနိ္ဒယနှင့် အင်ဒိုနီးရှားနိုင်ငံများတွင် ဖုန်းသုံးစွဲမှု၌ စမတ်ဖုန်းသုံးအား ပိုမို မြင့်တက်လာသဖြင့် ယခုကဲ့သို့ ကျော်တက်သွားရခြင်း ဖြစ်ကြောင်း IDC သုတေသန ဌာနမှ ရေမွန်လားမာစ်က ပြောကြားခဲ့သည်ဟု သိရသည်။ABI သုတေသနဌာနနှင့် Samsung ကုမ္ပဏီတို့၏ လေ့လာ ဆန်းစစ်ချက်အရလည်း စမတ်ဖုန်း ထုတ်လုပ်မှုမှာ ၄၉ ရာခိုင်နှုန်း တိုးမြှင့်ခဲ့ရသည်ဟု ဆိုသည်။ စမတ်ဖုန်းများသည် ဖုန်းပြောရုံသာမက စာပို့နိုင်ခြင်းအပြင် အခြားစွမ်းဆောင်နိုင်ရည် များစွာရရှိနိုင်သောကြောင့် ဈေးကွက်တွင် လူကြိုက်ပိုများခြင်း ဖြစ်သည်။

စမတ်ဖုန်း ထုတ်လုပ်မှုတွင် တောင်ကိုရီယားမှ Samsung အီလက်ထရောနစ် ကုမ္ပဏီဖြစ်ပြီး ဆဲလ်ဖုန်းများကိုသာ အစဉ်တစိုက် ထုတ်လုပ်ခဲ့သည့်အတွက် ဖင်လန်နိုင်ငံမှ Nokiaသည် Samsungလောက် တိုးတက်အောင်မြင်မှု မရခဲ့ပေ။ ဆဲလ်ဖုန်းကို ပထမဆုံး ထုတ်လုပ်ခဲ့သည့် Motorola ကုမ္ပဏီသည် ယခုအခါ Google၏ သိမ်းပိုက်ခြင်းကို ခံလိုက်ရပြီး ဆဲလ်ဖုန်းလိုင်းကို မစွန့်လွှတ်နိုင်သေးသည့် Apple ကုမ္ပဏီမှာလည်း ကမ္ဘာ့ဒုတိယအဆင့်လောက်တွင်သာ ကျန်ခဲ့တော့ကြောင်း၊ LG, HTC, ZTE နှင့် Huawei ကုမ္ပဏီတို့သည် တတိယနေရာ ရရှိရေးအတွက် အပြိုင်ကြိုးစားနေရကြောင်း IDC၏ အစီအရင်ခံစာတွင် ဖော်ပြထားကြောင်း သိရသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *