News

ကိုယ်ပိုင် စီးပွားရေးလုပ်ကိုင် လိုသူများအတွက် Creative Entrepreneurship

Enterprenurship

မြန်မာနိုင်ငံရှိ စွန့်ဦး တီထွင်လိုသူ လူငယ်အများစုမှာ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းရှင်များအဖြစ် ရပ်တည်ရန် ပေါ်ထွက်လာကြသည့်အတွက် လူငယ် လုပ်ငန်းရှင်များအသင်း (MYEA)နှင့် STRATEGY FIRST INSTITUTEတို့မှ ပူးပေါင်း ဖွင့်လှစ်တော့မည် ဖြစ်ကြောင်း သိရသည်။ကိုယ်ပိုင်စီးပွားရေး တည်ထောင်လုပ်ကိုင်လိုသော လူငယ်များအတွက် အဆိုပါ စွန့်ဦးတီထွင် လုပ်ငန်းရှင် သင်တန်း Creative Entrepreneurship Development Program (1/2013)ကို ၁၂ရက် အချိန်ပြည့် လက်တွေ့၊ စာတွေ့ အလုပ်ရုံဆွေးနွေးပွဲ ပုံစံဖြင့် ပို့ချပေးသွားမည် ဖြစ်ကြောင်းသိရသည်။ စီးပွားရေး လောကတွင် အောင်မြင်နေသော လုပ်ငန်းရှင်ကြီးများနှင့်လည်း ဟောပြော ဆွေးနွေးပေးသွားမည်ဟု သိရသည်။

သင်တန်းသားများကို အသက်အရွယ်အားဖြင့် ၁၅နှစ်ပြည့်ပြီးသူ မည်သူမဆို တက်ရောက်နိုင်ပြီး သင်တန်းကြေးမှာ ၁၂၀,၀၀၀ကျပ်ဖြင့် မေလ ၉ရက်နေ့မှ ၂၄ရက်နေ့အထိ မနက် ၉နာရီမှ ၄နာရီခွဲ အထိ ဖြစ်သည်။ မေလ ၆ရက်နေ့ နောက်ဆုံးထားပြီး Emailဖြင့် ပေးပို့ရပါမည်။ သင်တန်းတက်ရောက် သူများအတွက် ပညာသင်ဆု ၁၀ဆုကို ချီးမြှင့်ပေးသွားမည် ဖြစ်သည်။ အသေးစိတ် အချက်အလက် များကို သိရှိလိုပါက ဖုန်း – 230-1573၊ 539-135၊ 539-132 Email လိပ်စာမှာ – [email protected], [email protected] တို့ကို မေးမြန်းပေးပို့ လျှောက်ထားနိုင်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *