မင်ဖျက်အရည် Correction Pen များသည် စာရွက်ပေါ်တွင်ရေးသားမိသော အမှားရာများကို ဖျက်သော အဖြူရောင် အရည်ပျစ်များဖြစ်သည်။ ၄င်းတို့ကို ပုလင်းငယ်များတွင် ထည့်သွင်းထားပြီးစုတ်တံငယ်လေးများ အသုံးပြု၍ စာအမှားများ ဖျက်ပစ်ရမည် ပထမဆုံး မင်ဖျက်ရည်များကို ၁၉၅၁ ခုနှစ်က ဘက်တီနီစမစ်ဂရေဟမ်ဆိုသူက တီထွင်ခဲ့ပြီး လက်သည်းဆိုးဆေးနှင့် ဆင်တူသည်။ ခဏတာအတွင်း ခဲသွားတတ်သဖြင့် နောက်ပိုင်းတွင် ပျော်၀င်ပစ္စည်းသင်နာကို ထည့်သွင်းပြုလုပ်သည်။ နောက်ပိုင်းတွင် အော်ဂဲနစ်ပျော်၀င်ပစ္စည်းများ ထည့်သွင်းထုတ်လုပ်ခွင့်မပြုတော့ပဲ အန္တရာယ်ကင်းဓါတုပစ္စည်းများဖြင့်သာ ထုတ်လုပ်လာကြသည်။ ယနေ့ ခေတ်အထိ ဘောပင်ပုံစံ စသဖြင့် ပုံစံအမျိုးမျိုးဖြင့် ထုတ်လုပ်လာကြပြီး တွင်ကျယ်စွာ အသုံး၀င်နေဆဲဖြစ်သည်။
Correction Pen တွေကို ဘယ်သူ တီထွင်ခဲ့တာလဲ

20
Dec