Education

Trinity College, The University of Melbourne ၏ Young Leaders Program 2014 အတွက် Scholarship လျှောက်ထားနိုင်မည့် အခွင့်အရေး

Australia နိုင်ငံ Melbourne မြို့ရှိ The University of Melbourne သို့ဝင်ခွင့်ရရန် Foundation Program များသင်ကြားပေးသည့် Trinity College မှ  မြန်မာ ကျောင်းသား၊ ကျောင်းသူများအတွက် ရည်ရွယ်ကာ Eassy ပြိုင်ပွဲ တစ်ခု ကျင်းပပေးသွားမည်ဖြစ်ပါသည်။ Young Leaders Program ကို နှစ်စဉ်နှစ်တိုင်း ဒီဇင်ဘာ နှင့် ဇူလိုင်လ တို့တွင် ကျင်းပလေ့ရှိပြီး ကမ္ဘာတစ်ဝန်းမှ ကျောင်းသား၊ ကျောင်းသူများကို Trinity College ၏ စိတ်ဝင်စားဖွယ် တက္ကသိုလ်အတွေ့အကြုံများ ရရှိစေခြင်း၊ ခေတ်မှီ သင်ကြားသင်ယူမှု ပုံစံ နှင့် အထောက်အကူပြု ပစ္စည်းများ အားလိုက်လံ ပြသ ခြင်း၊ ကမ္ဘာတစ်ဝန်းမှ ကျောင်းသား၊ ကျောင်းသူများနှင့် ရင်းနှီးကျွမ်းဝင်ခွင့် ရရှိခြင်း စသည့် အခွင့်အရေး များနှင့် မိတ်ဆက်ပေးသွားမည်ဖြစ်ပါသည်။ ဆုရကျောင်းသား၊ ကျောင်းသူ သည် ၎င်းတို့ကျောင်း၏ Young Leaders Program (2 weeks) သို့တက်ရောက်ခွင့် ရရှိမည် ဖြစ်ပါသည်။

ယှဉ်ပြိုင်ရမည့် ခေါင်းစဉ်မှာ “ One of the characteristics of a good leader is their ability to influence others. If you had to a choose a leader or well known person who has inspired you, who would it be and why? ’’ ဖြစ်ပြီး စာလုံးအရေအတွက် (၇၀၀) အတွင်းရေးသားရမည်ဖြစ်ပါသည်။

အသက် ၁၄နှစ် မှ ၁၆နှစ် အတွင်းသာ ပါဝင်ယှဉ်ပြိုင်ခွင့် ရှိပြီး AVSS (Myanmar) ရုံးသို့ ၂၈ရက်၊ ဖေဖော်ဝါရီလ ၊ ၂၀၁၄ မတိုင်မှီ ရေးသားထားသော Essay နှင့်တကွလျှောက်လွှာများကိုပေးပို့ရမည်ဖြစ်ပါသည်။

Scholarship ရရှိသောကျောင်းသားများသည် Trinity College ၏ Young Leaders Program 2014 ကို တက်ရောက်ခွင့်ရရှိမည်ဖြစ်ပါသည်။ ၎င်း Scholarship ရရှိသူများအား Trinity College မှ အစားအသောက် ၊ တည်းခိုရန်နေရာ နှင့် ၎င်း အစီအစဉ် တွင်ပါဝင်မည့် ခရီးစဉ်နှင့် ပွဲများတွင် ပါဝင်ခွင့်ရရှိမည်ဖြစ်ပါသည်။ ၎င်း၏ တန်ဖိုးမှာ သြစတြေးလျဒေါ်လာ  (AUD$ 3150) နှင့် ညီမျှပါသည်။ ဆုတန်ဖိုးတွင် လေယာဉ်လက်မှတ် ပါဝင်မည် မဟုတ်ပါ။

စိတ်ပါဝင်စားသော ကျောင်းသား၊ ကျောင်းသူများအနေနှင့် Trinity College ၊ University of Melbourne တို့၏ တရားဝင် ကိုယ်စားလှယ်ရုံး ဖြစ်သည့် Australia Visa & Student Services (AVSS Myanmar) အမှတ် ၁၂၇ (အေ) ၊ ပထမထပ် ၊ အနောက်ရွှေဂုံတိုင်လမ်း ၊ ဗဟန်း ။ ဖုန်း ၀၉ ၄၅၀၀၀ ၆၉၄၄ ၊ ၀၉ ၄၅၀၀၀ ၆၉၅၅ သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည် ။

Leave a Reply

Your email address will not be published. Required fields are marked *