Mobile, News

Lenovo မှ ဖုန်းအသစ်သုံးမျိုးကို ထုတ်ဖော်ပြသ

Lenovo မှ ဖုန်းအသစ်သုံးမျိုးကို ရုရှား မှာ စတင်ရောင်းချပေးမယ်လို့သိရပါတယ်။ Android ဖုန်းများဖြစ်ပြီး တရုတ် မှ ရုရှား သို့ တိုက်ရိုက်တင်ပို့ရောင်းချမှာဖြစ်ပါတယ်။

Lenovo S930, S650, S960 or Vibe X တို့ဖြစ်ပြီး နောက်လအတွင်းစတင်ရောင်းချပေးမှာဖြစ်ပါတယ်။

S930 ဟာ ခြောက်လက်မအရွယ် ရှိပြီး 720×1280 Resolution ရှိပါတယ်။ တစ်လက်မကို Pixel သိပ်သည်းဆ ၂၄၅ ဖြစ်တဲ့အတွက် အလယ်အလတ်ဖြစ်ပါတယ်။ Quad-Core 1.3GHz MediaTek MT6582 CPU , 1GB RAM, 8GB Storage တို့တပ်ဆင်ထားပါတယ်။ 3000mAh Battery တပ်ဆင်ထားပါတယ်။ 8 Megapixel Camera တပ်ဆင်ထားပြီး မျက်နှာချင်းဆိုင် မှာ 1.6 Megapixel Camera တပ်ဆင်ထားပါတယ်။ အရွယ်အစားအပြည့်အစုံမှာ 170x86x8.65mm ဖြစ်ပြီး ၁၇၀ ဂရမ် အလေးချိန်ရှိပါတယ်။ Android 4.2 OS ကို မောင်းနှင်လည်ပတ်မှာဖြစ်ပါတယ်။

Lenovo S650 က အရွယ်သေးငယ်ပြီး ၄.၇ လက်မရှိပါတယ်။ 540×960 Resolution တပ်ဆင်ထားပါတယ်။တစ်လက်မကို Pixel သိပ်သည်းဆ ၂၃၄ ပါရှိပါတယ်။ Processor က S930 နဲ့အတူတူပဲဖြစ်ပါတယ်။ 8GB Storage ပါရှိပြီး MicroSD Card အသုံးပြုနိုင်ပါတယ်။2000mAh Battery တပ်ဆင်ထားပြီး အရွယ်အစားအပြည့်အစုံမှာ 138×69.8×8.7 mm ဖြစ်ပြီး ၁၂၆ ဂရမ် အလေးချိန်ရှိပါတယ်။ Android 4.2 ကိုမောင်းနှင်လည်ပတ်မှာဖြစ်ပါတယ်။ Dual SIM အသုံးပြုနိုင်တဲ့ ဗားရှင်းကိုလည်းပြုလုပ်ပေးထားပါတယ်။

Lenovo S960 Vibe X က ၅.၅ လက်မအရွယ် 1080×1920 Resolution ပါရှိပါတယ်။ မျက်နှာပြင် ကို Gorilla Glass 3 ဖြင့်ကာကွယ်ထားပါတယ်။ 1.5GHz MediaTek MT6589W Chip ကို အသုံးပြုထားပြီး 2GB RAM, 16GB Storage ပါရှိပါတယ်။ 13 Megapixel , 5 Megapixel ကင်မရာ နှစ်လုံးပါရှိပါတယ်။ 2000mAh Battery တပ်ဆင်ထားပြီး အရွယ်အစားအပြည့်အစုံမှာ 144x71x6.9 mm ဖြစ်ပါတယ်။ အလေးချိန်မှာ ၁၂၀ ဂရမ် ဖြစ်ပါတယ်။ Android 4.2.2 ကို အသုံးပြုမောင်းနှင်မှာဖြစ်ပါတယ်။

S930 ကို Rubles 13990 ( US $ 427) , S650 ကို Rubles 11990 (US $ 366) , S960 Vibe X ကို Rubles 16990 (US $ 518) အသီးသီး သတ်မှတ်ထားပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *