စားသုံးသူ အကာအကွယ်ပေးရေးနှင့် တရားမ၀င်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေးအဖွဲ့ (Mobile Teams ) များမှ အများပြည်သူစားသုံးရန်မသင့်သော ကုန်ပစ္စည်းများဖျက်ဆီးမှုအခြေအနေ တွင် ၂၀၁၂ ခုနှစ် နို၀င်ဘာ ၁ ရက်မှ ၂၀၁၂ ခုနှစ် အောက်တိုဘာ ၃၁ ရက်အထိ် ဖျက်ဆီးမှု ခန့်မှန်း တန်ဖိုး ကျပ် သန်း ၅၈၆ ဒဿမ ၉၂၅ သန်းရှိကြောင်း တရာမ၀င်ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေး ဗဟို ကော်မတီရုံးမှ သိရသည်ဟု စံတော်ချိန်နေ့စဉ်တွင် ဖတ်ရှုရပါသည်။
ယင်းသို့ ဖမ်းဆီးဖျက်ဆီးမှုတွင် မူဆယ်-မန္တလေးလမ်းကြောင်းမှ ဖျက်ဆီးသည့် အကြိမ် (၁၇)ကြိမ်တွင် ခန့်မှန်းတန်ဖိုး ၄၀၁၃၀၉၉၃၅ ကျပ်၊ မြ၀တီ-ရန်ကုန်လမ်းကြောင်းမှ ဖျက်ဆီးသည့် အကြိမ်ခုနှစ်ကြိမ်တွင် ခန့်မှန်းတန်ဖိုး ကျပ် ၆၂၁ဝ၃၉၃၀ တို့ဖြစ်ကြောင်းသိရသည်။ ထို့အပြင် မူဆယ် ထုတ်နုတ်အင်အားအဖွဲ့မှ ဖျက်ဆီးသည့်အကြိမ် ခြောက်ကြိမ််တွင် ခန့်မှန်းတန်ဖိုးကျပ် ၈၀၅၇၄၅၀၀၊ တာချီလိတ် ထုတ်နုတ်အင်အားအဖွဲ့မှ ဖျက်ဆီးသည့်အကြိမ် နှစ်ကြိမ်တွင် ခန့်မှန်းတန်ဖိုးကျပ် ၂၀၆၈၀၀၀၊ တမူး ထုတ်နုတ်အင်အားအဖွဲ့မှ ဖျက်ဆီးသည့်အကြိမ်နှစ်ကြိမ်တွင် ခန့်မှန်းတန်ဖိုးကျပ် ၂၂၃၆၉၃၀၀၊ ကန်ဟိုက်တီး (OSS)အင်အားအဖွဲ့မှ ဖျက်ဆီးသည့် အကြိမ် (၃၅) ကြိမ်တွင် ခန့်မှန်း တန်ဖိုးကျပ် ၁၈၅၀၀၀၀၀ဖြင့် စုစုပေါင်း ကျပ်သန်း ၅၈၆.၉၂၅ ဖြစ်သည်ဟုဆိုသည်။
ယင်းကဲ့သို့ မိုဘိုင်းလ််တင်းမ်များမှ အများပြည်သူစားသုံးရန်မသင့်သော ကုန်ပစ္စည်းများ ဖျက်ဆီး ဖျက်ဆီးမှုအခြေအနေတွင် အမှုတွဲအရေအတွက် ၂၅၆ ခုပါ၀င်ကြောင်းသိရသည်။
အဆိုပါ Mobile Teams များမှ အများပြည်သူစားသုံးရန်မသင့်သော ကုန်ပစ္စည်းများ ဖျက်ဆီးမှုသတင်းနှင့် ပတ်သက်ပြီး စားသုံးသူပြည်သူများက ၀မ်းသာအားရရှိကြကြောင်း။ သို့ရာတွင် ၄င်းတို့အနေဖြင့် ထိုကဲ့သို့ တရားမ၀င်ကုန်ပစ္စည်းများကို ဖမ်းဆီးစစ်ဆေးအရေးမယူမီ အချိန်အထိ စားသုံးရန်မသင့်သော အစားအစာကုန်ပစ္စည်းများကို မည်မျှစားသုံးပြီးကြပြီလဲ၊ ထို့ကြောင့်လည်း လူတွေမှာရောဂါဘယများထူပြောပြီး ကျန်းမာရေးများထိခိုက်ကြရခြင်းဖြစ်ကြောင်း၊ ယခုလည်း ဖမ်းဆီး စစ်ဆေးနေသည့်ကြားမှ ရှောင်တိမ်းလွတ်မြောက်ပြီး ၀င်ရောက်လာမည့် ကုန်ပစ္စည်းများလည်း ရှိနေနိုင်မည်ဖြစ်ကြောင်း၊ မည်သည့်ကုန်ပစ္စည်းသည် စားသုံးရန်မသင့်ဆိုသည်ကိုလည်း အများ ပြည်သူ ကျယ်ကျယ်ပြန့်ပြန့်သိရှိအောင် ပညာပေးခြင်းများ ပြုလုပ်သင့်ကြောင်းစသဖြင့် သုံးသပ် ပြောကြားကြသည်ဟုသိရပါသည်။
ထို့အပြင် အသင့်စားသုံးထုပ်ပိုးကုန်ပစ္စည်းများတွင် Expire Date ရေးသားထားခြင်းရှိ မရှိ။ Expire Date ပါရှိသော်လည်း မှန်ကန်ခြင်းရှိ မရှိ၊ လူကိုဘေးဥပဒ် ဖြစ်စေသော ဓါတုဗေဒ ဆေး၀ါးများ အသုံးပြုထားခြင်းရှိ မရှိ စသည်တို့အပြင် လူသုံးကုန်ပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများ၊ ဥပမာ – ဓါတ်ခဲလေးများမှ အစပြု၍ (ဆိုင်မှ ၀ယ်လာသော ပြည်တွင်းဖြစ်ဓါတ်ခဲအသစ်တွင် အရည် ထွက်နေသည်ကို မိတ်ဆွေတစ်ဦးက ပြဖူးသည်။) အန္တရာယ်ဖြစ်စေနိုင်မှု ရှိ မရှိ စသည်တို့ကို တာ၀န် ရှိသူများအနေနှင့်ရော၊ စားသုံးသူကာကွယ်ရေး အသင်းကဲ့သို့ NGOs အဖွဲ့အစည်းများကပါပူးပေါင်း၍ အခါအားလျော်စွာ စစ်ဆေးသွားသင့်ပါကြောင်း အကြံပြုရေးသားတင်ပြလိုက်ရပါသည်။

thank you ပါ