အရွယ်အစားသုံးမျိုးရှိတဲ့ Blade Q ဖုန်းတွေကို ZTE ကထုတ်လုပ်လိုက်ပါတယ်။ လေးလက်မ Blade Q Mini , 4.5 လက်မ Blade Q , ငါးလက်မ Blade Q Maxi တို့ဖြစ်ပါတယ်။ အဲဒီဖုန်းတွေဟာ အရွယ်အစားသာကွာခြားပြီး Hardware တွေကတော့ တူညီစွာတပ်ဆင်ထားပါတယ်။ ဖုန်းသုံးမျိုးစလုံးမှာ dual-core 1.3GHz MediaTek processor တပ်ဆင်ထားပြီး HSPA+data , 4GB Sotrage, 5megapixel အနောက် ကင်မရာ နဲ့ IPS-based Display Technology တို့ကိုအသုံးပြုထားပါတယ်။ ကွာခြားချက်တစ်ခုကတော့ Mini အမျိုးအစားမှာ 0.3megapixel အရှေ့ ကင်မရာ မပါရှိတာဖြစ်ပါတယ်။ ဥရောပ မှာ စတင်ရောင်းချမယ်လို့ ZTE ကပြောပါတယ်။
ZTE က Blade Q ဖုန်းတွေ ပြသ

31
Oct