News

Microsoft ရဲ့ Kinect က ကိုယ်အမူအရာပြ ဘာသာစကား ပြောသူနှင့် သာမာန်ဘာသာစကားပြောသူ ကြားမှာ ဘာသာပြန်ပေးမည်

Microsoft ရဲ့ သုတေသန အဖွဲ့က ဘာသာစကားမတူတဲ့ သူတွေကြားမှာ ဘာသာပြန်ပေးဖို့ Kinect ကိုအသုံးပြုခဲ့ပါတယ်။ တစ်နည်းအားဖြင့် စကားမပြောနိုင်တဲ့သူတွေ၊အကြားအာရုံမရတဲ့သူတွေနဲ့ သာမာန်လူတွေပြောဆိုဆက်သွယ်ဖို့လည်းပြုလုပ်နိုင်ပါတယ်။

Kinect Sign Language Translator လို့နာမည်ပေးထားပြီး သုတေသနပြုလုပ်နေဆဲ အဆင့်ပဲရှိပါသေးတယ်။ အဲဒီ ပစ္စည်းလေးက သာမာန် စကားပြောသူနဲ့ ကိုယ်အမူအရာနဲ့ စကားပြောသူကြားမှာဘာသာပြန်ပေးနိုင်ပါတယ်။

Kinect က ကိုယ်အမူအရာတွေကို ဖမ်းယူပေးပြီး Machine Learning and Pattern Recognition Programming ကဘာသာပြန်ပေးတာဖြစ်ပါတယ်။အပြန်အလှန်အားဖြင့်သာမာန်စကားပြောသူရဲ့ စကားတွေကိုလည်း အကြားအာရုံမကောင်းတဲ့သူတွေကို Monitor ကနေပြသပေးမှာပါ။

တရုတ်ပြည်မှာ အကြားအာရုံမကောင်းတဲ့သူတွေ သန်း (၂၀) ကျော်ရှိပြီး တစ်ကမ္ဘာလုံးမှာ သန်း (၃၆၀) ရှိပါတယ်။ ဒီ Project သာအောင်မြင်ခဲ့ရင် အဲဒီသူတွေနဲ့ သာမာန်လူတွေကြားမှာ ဆက်သွယ်ပြောဆိုဖို့အဆင်ပြေလာတော့မှာဖြစ်ပါတယ်။

Kinect ရဲ့  အလုပ်လုပ်ပုံကို အောက်က YouTube Video မှာ ကြည့်နိုင်ပါတယ်။

http://www.youtube.com/watch?v=HnkQyUo3134

 

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *