How-to

Firefox ကို ပိုမိုကောင်းမွန်စေမယ့် About:Config Tweaks များ

 Firefox ကို ပိုမိုကောင်းမွန်စေမယ့် About:Config Tweaks များ

Firefoxက အကောင်းဆုံး Browserတွေထဲက တစ်ခု ဖြစ်ပြီး သင့်စိတ်ကြိုက် Customize လုပ်နိုင်ပါတယ်။ Firefoxရဲဲ့ about:Configမှာ ပြောင်းလဲနိုင်တဲ့ Optionsတွေ အများကြီး ရှိပါတယ်။ အဲဒီထဲက ကောင်းတဲ့ Tweaksတွေကို ဖော်ပြလိုက်ပါတယ်။

About:Configကို အသုံးပြုဖို့ အတွက် Address Barကနေ about:configလို့ ရိုက်ပြီး Enterနှိပ်ပါ။ သတိပေးတဲ့ Message Boxတစ်ခု ကျလာရင် “I’ll be careful.I promise”ကို နှိပ်ပါ။ ပြုပြင်ချင်တဲ့ Entryကို Search Boxကနေ ရှာပြီး Double Clickနှိပ်ပြီး ပြောင်းလဲပေးရမှာပါ။

Extension တွေ အင်စတောလုပ်တဲ့အခါ မှာ အချိန်စောင့် ခိုင်းတာကို Disable လုပ်ပါ။

Extensionတစ်ခုကို အင်စတောလုပ်တဲ့အခါမှာ Firefoxက သင့်ကို ငါးစက္ကန့် စောင့်ခိုင်းပါတယ်။ အဲလို မစောင့်ချင်ရင် about:config pageမှာ အောက်က စာသားကိုရှာပါ။

security.dialog_enable_delay

သူ့ ရဲဲ့ Valueကို 0  ပြောင်းလဲပေးပါ။

Awesomebar Dropdown က  Number of Suggestions ကို တိုးမြှင့် ပါ။

Firefoxရဲ့ Awesomebarမှာ တစ်ခုခု ရိုက်လိုက်ရင် Suggestions(၁၂) ခု ကိုပဲ ဖော်ပြ ပေးပါတယ်။ ဒီထက်ပိုပြီး ဖော်ပြစေချင်ရင ်အောက်က Entryကို ရှာပါ။

browser.urlbar.maxRichResults

သူ့ရဲ့ Valueကို သင်ပြပေးစေချင်တဲ့ Suggestionsအရေအတွက်ကို ပြောင်းနိုင်ပါတယ်။ Suggestionတွေကို မပြပေးစေချင်ရင် -1  သတ်မှတ်ပေးပါ။

Search Results တွေကို New Tab မှာ ဖွင့်ပါ။

Firefoxရဲ့ ညာဘက် အပေါ်ထောင့်မှာရှိတဲ့ Search Boxကနေ တစ်ခုခုကိုရှာလိုက်ရင် လက်ရှိဖွင့်ထားတဲ့ Tabမှာ Search Resultsတွေကို ပြပေးမှာပါ။ အဲဒီအတွက် လက်ရှိဖွင့်ထားတဲ့ Tabကို ဆုံးရှုံးမှာပါ။ Search Boxကနေ ရှာလိုက်ရင် Tabအသစ်တစ်ခု ဖွင့်ပြီး Search Resultsတွေကို ပြပေးဖို့ ပြုလုပ်နိုင်ပါတယ်။ဒီလိုလုပ်ဖို့

browser.search.openintab

ကိုရှာပြီး Double Click နှိပ်ပါ။ သူ့ ရဲ့ Settingကို True ပြောင်းပေးပါ။

Extensionsတွေအတွက် Compatibility Checkingလုပ်တာကို Disableလုပ်ပါ။

Firefoxက Extensionတွေအတွက် Compatibility Checking ပြုလုပ်ပါတယ်။ Compatibility Checking မပြုလုပ်စေချင်ရင် Disableလုပ်နိုင်ပါတယ်။ ဒီလို လုပ်ဖို့အတွက် about:config pageကို သွားပါ။ လွတ်တဲ့နေရာမှာ Right Clickနှိပ်ပြီး New>Boolean  ကို နှိပ်ပါ။ ပြီးရင် အောက်ကစာသားကိ ဖြည့်ပေးပါ။

extensions.checkCompatibility

သူ့ ရဲ့ Valueကို False သတ်မှတ်ပေးပါ။

Tabs တွေကို Preview ကြည့်ပါ။

Windows Programsတွေကို Alt+Tab နှိပ်ပြီး ပြောင်းလဲ ကြည့်လို့ ရသလို Firefoxမှာလည်း Tabsတွေကို  Ctrl +Tabနှိပ်ပြီး ပြောင်းနိုင်ပါတယ်။ ဒါပေမယ့် Tabsတွေကိုပဲ ပြောင်းပေးမှာ ဖြစ်ပြီး Previewကြည့်လို့ ရမှာမဟုတ်ပါဘူူး။ Preview ကြည့်ချင်ရင်တော့

browser.ctrlTab.previews

ရဲ့ Valueကို True ပြောင်းပေးပါ။

New Tab Pageမှာ Rows,Columnsတွေကို ထပ်ဖြည့်ပါ။

Defaultအားဖြင့် Firefox New Tab Pageမှာ Websitesကိုးခုကိုပဲ ဖော်ပြပေးပါတယ်။ Websitesတွေ  ပိုပြီး ပြပေးစေချင်ရင်

browser.newtabpage.rows

browser.newtabpage.columns

အဲဒီနှစ်ခုရဲ့ Numbersတွေကို ပြောင်းလဲ သတ်မှတ်ပေးပါ။

အပေါ်မှာဖော်ပြပေးထားတဲ့ Tweaksတွေက ကောင်းနိုးရာရာ အနည်းငယ်ကိုသာ ဖော်ပြပေးထားတာပါ။ About:config Entriesတွေ အကြောင်းကို ပြည့်ပြည့်စုံစုံ သိချင်ရင် Mozilla ၀က်ဆိုက်မှာ လေ့လာနိုင်ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

4 thoughts on “Firefox ကို ပိုမိုကောင်းမွန်စေမယ့် About:Config Tweaks များ

  1. ဟုတ်ကဲ့ ICT ခင်ဗျာ ကျနော် ဒီပို့စ် ကို ကျနော့်ရဲ့ ဘလော့မှာပြန်လည်ဖော်ပြချင်လို့ ခွင့်ပြု့ပေးနိုင်မလား ခင်ဗျာ

    ကျနော် လိုချင်လို့ပါ ကျေးဇူးပြု့၍

  2. Kyaw Swe says:

    down link လေး တင်ပေးပါ

  3. Sai Thit says:

    ဒေါင်းဖို့ မဟုတ်ပါဘူးခင်ဗျ..စိတ်ကြိုက် အရေအတွက်ကို ပြောင်းလဲ တာလို့ဘဲ ကျနော့အနေ နဲ့ နားလည်ပါတယ်..

Leave a Reply

Your email address will not be published. Required fields are marked *