ဓါတ်ပုံပညာ ပြန့်ပွားရန် ရည်ရွယ်၍ “ဓါတ်ပုံပညာကို ဒီဂျစ်တယ်နည်းပညာက စိန်ခေါ်မှု”ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲကို မြန်မာနိုင်ငံဓါတ်ပုံအသင်းနှင့် စင်ကာပူနိုင်ငံ Ngee Ann Ploytechnic, School of Film & Media Studiesတို့ ပူးပေါင်း၍ ကျောက်တံတားမြို့နယ် ဗိုလ်ချုပ်လမ်းရှိ အေးရှား ပလာဇာဟိုတယ် စိန်ခန်းမ၌ အောက်တိုဘာ ၁ရက် နံနက် ၉နာရီက ပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် Bliticnicကျောင်းမှ နည်းပြဆရာ မစ္စတာ ဝီလီယံအောင်က ဓါတ်ပုံဆိုင်ရာ ရိုက်ကူးပုံ၊ ရိုက်ကူးနည်းပညာများ အကြောင်းကို ရှင်းလင်းပြောကြားသွားပြီး မစ္စတာ ဖိလစ်က ပုံပြင်ခြင်း၊ ပုံသခြင်း ပြုလုပ်သည့် (Photoshop) နည်းပညာအကြောင်းကို ရှင်းလင်း ဆွေးနွေးခဲ့သည်ဟု သိရသည်။
အဆိုပါ ပွဲကို မြန်မာနိုင်ငံတွင် ဓါတ်ပုံပညာနှင့် ပတ်သက်၍ လုပ်ငန်းခွင် အသုံးပြုနေသည့် မီဒီယာသမားများနှင့် ဓါတ်ပုံဝါသနာရှင်များအတွက် ဓါတ်ပုံရိုက်နည်းပညာများအကြောင်း လေ့လာခွင့် ရရှိစေရန်နှင့် ဓါတ်ပုံပညာ ပြန့်ပွားရေးအတွက် ရည်ရွယ်ပြုလုပ်ခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံဓါတ်ပုံ အသင်းမှ ဦးသန်းထွန်းဦး (ပြန်ကြားရေး)က ပြောသည်။ “မြန်မာနိုင်ငံမှာ ဓါတ်ပုံပညာနဲ့ ပတ်သတ်လို့ အဓိက လိုအပ်တာက တက္ကသိုလ်တို့၊ နည်းပညာတို့ လိုအပ်နေပါတယ်။ ဒါမှ နိုင်ငံတကာနဲ့ညီတဲ့ ဓါတ်ပုံပညာရှင်တွေ ပိုမို မွေးထုတ်ပေးနိုင်မှာပါ”ဟု မြန်မာနိုင်ငံတွင် ဓါတ်ပုံပညာ ဖွံဖြိုးမှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ဓါတ်ပုံအသင်း ဥက္ကဌ ဦးဖေမြင့်ဦးက သုံးသပ်ခဲ့သည်ဟု ဆိုသည်။