မြန်မာအိုင်စီတီ ပရိသတ်တွေထဲက နိုင်ငံခြား ကျောင်းသွားတက်ဖို့ အစီအစဉ်ရှိတဲ့ လူတွေအတွက် ဒီဆောင်းပါးကို တင်ဆက်ပေးလိုက် ပါတယ်။ ဒါကတော့ ကမ္ဘာပေါ်မှာ အကောင်းဆုံး ဆိုတဲ့ တက္ကသိုလ် ၁၅ခုကို စာရင်းပြုထားတာပါ။ ဒီစာရင်းဟာ ၂၀၁၃ခုနှစ်အတွက် ဖြစ်ပြီး QS World University Rankingsမှ သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။
၁။ MIT(Massachusetts Institue of Technology)
၂။ ဟားဗတ်တက္ကသိုလ်
၃။ Cambridgeတက္ကသိုလ်
၄။ University College London(UCL)
၅။ Imperial College London
၆။ Oxfordတက္ကသိုလ်
၇။ Standfordတက္ကသိုလ်
၈။ Yaleတက္ကသိုလ်
၉။ University of Chicago(ချီကာဂို တက္ကသိုလ်)
၁၀။ Caltechလို့ ခေါ်တဲ့ ကယ်လီဖိုးနီးယား နည်းပညာတက္ကသိုလ် (California Institute of Technology)
၁၁။ အမေရိကန်၊ နယူးဂျာစီပြည်နယ်က Princetonတက္ကသိုလ်
၁၂။ ဆွစ်ဇာလန်နိုင်ငံ၊ ဇူးရစ်မြို့က ETH Zurich
၁၃။ University of Pennsylvania
၁၄။ ကိုလံဘီယာ တက္ကသိုလ်နဲ့
၁၅။ အမေရိကန်၊ နယူးယောက်မြို့က Cornellတက္ကသိုလ် တို့ပဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နှစ်က Listနဲ့ နှိုင်းယှဉ် ကြည့်ရင် ဟားဗတ်တက္ကသိုလ်ဟာ Cambridgeတက္ကသိုလ်ကို ကျော်ဖြတ်ပြီး ဒုတိယနေရာ ရောက်လာခဲ့သလို လန်ဒန်က Imperial Collegeဟာလည်း နာမည်ကြီး Oxfordတက္ကသိုလ်ကို ကျော်ဖြတ်ကာ အဆင့် ၅နေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။ သိသိသာသာ တိုးတက်လာတာ ကတော့ အမေရိကန်၊ ကယ်လီဖိုးနီးယားမှာ ရှိတဲ့ Standfordတက္ကသိုလ်ဟာ ပြီးခဲ့တဲ့နှစ်က အဆင့် ၁၅နေရာကနေ ယခုနှစ်မှာတော့ အဆင့် ၇အထိ တိုးတက်လာပါတယ်။