How-to

သင့်ရဲ့ Privacyအတွက် အသုံးပြုသင့်တဲ့ Android Applicationsများ

လူတိုင်းမှာ Privateကိစ္စလေးတွေ ရှိတတ်ပါတယ်။ အဲဒီအတွက် သင့် Android Phoneမှာ တစ်ခြားသူတွေကို မမြင်စေချင်တဲ့ ပုံတွေ၊ Messageတွေ၊ Applicationsတွေကို ကာကွယ်ထားဖို့အတွက် အသုံး၀င်တဲ့ Applicationsတွေကို ရေးပေးလိုက်ပါတယ်။ အောက်မှာဖော်ပြထားတဲ့ Apps တစ်ချို့က Free, Proနှစ်မျိုးရှိပြီး Pro Versionက Featureတွေကို အသုံးပြုချင်ရင်တော့ Internet ကရှာသုံးပါ။

1. GO SMS Pro

GO SMS Proက Popular App တစ်ခုဖြစ်ပြီး သူ့မှာ Private Contactsတွေ သတ်မှတ်ထားလို့ရတဲ့ စွမ်းရည်ရှိပါတယ်။ သူတို့ပေးပို့တဲ့ Messageတွေက Private Inboxထဲ ရောက်ရှိမှာဖြစ်ပြီး Unlock လုပ်ပြီးမှ Messageတွေကို ကြည့်နိုင်မှာပါ။

Pro Version အသုံးပြုရင်တော့ Private Inboxကို Menuမှာ ဖွက်ထားလို့ ရနိုင်ပါတယ်။ SMS Inboxကို တစ်ခြားသူတွေ မသိနိုင်တဲ့ နာမည်ကိုလည်း ပြောင်းပေးနိုင်ပါတယ်။

2. Hi App Lock

ဒီ Appကတော့ အသုံးမပြုစေချင်တဲ့ Application,  Gameတွေကို ဖွက်ပေးနိုင်ပါတယ်။ ဒါ့အပြင် SMS, Gallery, Settingsတွေကိုပါ ဖွက်ပေးနိုင်ပါတယ်။ Settings ကိုပါ ဖွက်ပေးနိုင်တဲ့အတွက် တစ်ခြားသူတွေ သင့် Settingsကို မပြင်နိုင်တော့ပါဘူး။

 

3. Vault

Vaultကတော့ ထွက်ရှိတာကြာပြီဖြစ်တဲ့ Appကောင်း တစ်ခုပါ။ Free Versionကို အသုံးပြုရင် ပုံတွေ၊ ဗီဒီယိုတွေကို ဖွက်ပေးနိုင်ပြီး Messageတွေကိုတော့ အကန့်အသတ်နဲ့ ဖွက်ပေးနိုင်ပါတယ်။ Private Contactတွေလည်း ပြုလုပ်နိုင်ပါတယ်။ Vault Cameraပါရှိပြီး ပုံတွေကို Vault မှာတန်းပြီး သိမ်းပေးနိုင်ပါတယ်။

4. Secrets

Secretsကလည်း Vaultလိုမျိုး ပုံတွေ၊ ဗီဒီယိုတွေကို ဖွက်ပေးနိုင်ပြီး ထူးခြားတာကတော့ Secretsကို Application Drawerမှာ မတွေ့မြင်နိုင်ပါဘူး။ Secretsကို အသုံးပြုချင်ရင် Phone Dialerကနေ 1111 ကိုရိုက်ပြီး Call Buttonကိုနှိပ်မှသာ အသုံးပြုနိုင်မှာပါ။ ပြီးရင် သင်သတ်မှတ်ထားတဲ့ ကုတ် ဖြည့်ပေးမှသာ ဖွက်ထားတဲ့ ဖိုင်တွေကို တွေ့မြင်နိုင်မှာပါ။

5. Hide SMS
Hide SMSကတော့ Messageတွေကိုပဲ ဖွက်ပေးနိုင်ပြီး Messageပေါ်ကို Long Pressလုပ်ပြီး  Hidden Inboxကို ပြောင်းပေးရမှာ ဖြစ်ပါတယ်။ Message၀င်လာရင် Notification Barမှာသိရှိနိုင်ပြီး Hidden Inboxထဲကို အလိုလို ပြောင်းရွှေ့ပေးနိုင်ပါတယ်။

သင့်ရဲ့ Privacyကိုကာကွယ်ဖို့အတွက် ဖော်ပြခဲ့တဲ့ Applicationတွေက ကူညီပေးနိုင်ပါတယ်။ သင့်လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ Applicationတွေကို ရွေးချယ်အသုံးပြုပါ။

 

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *