ဗင်နီဇွဲလားနိုင်ငံ၏ လက်ရှိ သမ္မတဟောင်း ဟူဂိုချာဗက်စ်အပေါ် သစ္စာစောင့်သိခြင်းအတွက် လူသိများပြီး ယခုအခါ ၎င်း၏ ဆရာသခင်ဖြစ်သူ ချားဗက်ဇ်၏ ရုပ်ကလပ်အကြွင်းအကျန်များ ထိန်းသိမ်းထားရာ ဂူဗိမာန်အတွင်း၌ တစ်ခါတစ်ရံ ဝင်ရောက် အိပ်စက်လေ့ရှိကြောင်း၊ အေပီသတင်းတစ်ရပ်အရ သိရသည်။
ချာဗက်ဇ် မကွယ်လွန်မီက ဒုတိယ သမ္မတဖြစ်သူ မစ္စတာ မာဒူရိုအား ၎င်း၏ နေရာကို ဆက်ခံမည့်သူအဖြစ် ပြောကြားခဲ့သည်။ ပြီးခဲ့သည့် ဧပြီလ ၁၄ရက်နေ့က ကျင်းပခဲ့သော ရွေးကောက်ပွဲတွင် မစ္စတာ မာဒူရိုသည် မဲအနည်းငယ် အသာစီးဖြင့် ကပ်၍ နိုင်ခဲ့ပြီး ၎င်း၏ ဦးခေါင်းနားတစ်ဝိုက်တွင် ချားဗက်ဇ်သည် ငှက်တစ်ကောင်ကဲ့သို့ ပျံဝဲနေကြောင်း ပြောကြားခဲ့သဖြင့် လူအများကို ဒေါသထွက်စေခဲ့သည်ဟု ဆိုသည်။
ဟူဂိုချာဗက်ဇ်၏ ရုပ်ကလပ်အကြွင်းအကျန်များ ထိန်းသိမ်းထားရာ စစ်ပြတိုက်ဟောင်း တစ်ခုတွင် ပြုလုပ်ခဲ့သည့် အခမ်းအနားတစ်ခု၌ မစ္စတာမာဒူရိုက ၎င်းသည် ညအချိန်တွင် ဤနေရာသို့ အကြိမ်ပေါင်းများစွာ လာရောက် အိပ်စက်လေ့ရှိကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။
မစ္စတာမာဒူရိုသည် ၎င်း၏ ဆရာဟာဗက်ဇ်၏ ဂူဗိမာန်သို့ နောက်လိုက်တစ်ဦးနှင့်အတူ ညအချိန်တွင် လာရောက် အိပ်စက်လေ့ရှိပြီး ရှေးဟောင်းနှောင်းဖြစ်များအကြောင်း ပြန်ပြောင်းစဉ်းစားကြကြောင်း ပြောကြားသည်ဟု ဆိုသည်။ မိမိ၏ ဆရာသခင်အပေါ်တွင် သစ္စာရှိသူများ ရှိကြပါသည်။ သို့ရာတွင် မာဒူရို၏ သစ္စာရှိပုံကတော့ ရှာမှရှားဟု ဆိုရပါမည်။ ကဲ….မာဒူရိုလို လူမျိုး ဤကမ္ဘာပေါ်မှာ ရှိကြရဲ့လား။
Source: AP