News

စင်ကာပူစစ်တပ်တွင် မြန်မာနိုင်ငံသား တစ်ဦးအရာရှိငယ် ဖြစ်နေ Safos ပညာသင်ဆုလည်း ရရှိ

SAF Overseas Scholarship

မြန်မာနိုင်ငံသား မိသားစုမှ မွေးဖွားသော မြန်မာနိုင်ငံသား မောင်သက်နိုင်ဝင်း ဆိုသူသည် စင်ကာပူနိုင်ငံ တပ်မတော်တွင် အရာရှိငယ် (Officer Cadet) တစ်ဦးဖြစ်နေကြောင်း၊ စင်ကာပူသတင်းစာ The Strait Timesက ဇူလိုင်လ ၃၀ရက်နေ့တွင် ရေးသားဖော်ပြလိုက်သည်ဟု သိရသည်။ အသက် ၁၉နှစ်အရွယ် ၁၉၉၅ခုနှစ်ကပင် မိဘများနှင့်အတူ စင်ကာပူနိုင်ငံသို့ ပြောင်းရွှေ့နေထိုင်ခဲ့ရသူ တစ်ဦးဖြစ်ပြီး ၂၀၀၈ခုနှစ်တွင် စင်ကာပူနိုင်ငံသား ခံယူခဲ့ကြောင်း သိရသည်။

မောင်သက်နိုင်ဝင်းသည် စင်ကာပူ တပ်မတော်သို့ ဝင်လိုကြောင်း ၂၀၁၁ခုနှစ်က မိဘများကို ခွင့်ပန်ခဲ့ပြီး စစ်မှုထမ်းခဲ့သောကြောင့် ယခုကဲ့သို့ အရာရှိငယ်ဖြစ်လာခဲ့ခြင်း ဖြစ်ကာ ၎င်း၏ မိဘများက စစ်သားမလုပ်စေချင်ခဲ့ကြောင်းလည်း သိရသည်။ ဇူလိုင်လ ၂၉ရက်တွင် မောင်သက်နိုင်ဝင်းသည် စင်ကာပူနိုင်ငံ၏ Safos (SAF Overseas Scholarship)ဆုကို ရရှိခဲ့သည့် ရှစ်ဦးထဲမှ တစ်ဦးဖြစ်ပြီး အဆိုပါ ဆုပေးပွဲကို စင်ကာပူရှိ Istana၌ ကျင်းပခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။ ယခုကဲ့သို့ SAF၏ ရွေးချယ်မှုခံရသည့်အတွက် ၎င်းအနေဖြင့် မိဘများ၏ ယုံကြည်စိတ်ချခြင်း ခံရတော့မည်ဟု ယုံကြည်ကြောင်းလည်း The Strait Timesက ဖော်ပြထားသည်။

အလားတူ ဆက်စပ်သော သတင်းများအရ မြန်မာနိုင်ငံတွင် ဗီယက်နမ် သံအမတ်ကြီးအဖြစ် လာရောက်တာဝန်ထမ်းဆောင်နေသော မစ္စတာ Phan Thah Dungသည် ဗီယက်နမ်နိုင်ငံဖွား မဟုတ်ပဲ မြန်မာနိုင်ငံသားဖြစ်ကာ ရှမ်းပြည်နယ်၊ တာချီလိတ် ဒေသဘက်မှာ မွေးဖွားခဲ့ပြီး ဗီယက်နမ်နိုင်ငံကို ပြောင်းရွှေ့နေထိုင်ခဲ့ခြင်း ဖြစ်ကာ ဗီယက်နမ် သံအမတ်ကြီးအဖြစ် လာရောက်တာဝန်ထမ်းဆောင်နေခြင်း ဖြစ်သည်ဟု ၎င်းကိုယ်တိုင် ပြောပြချက်အရ သိရပါသည်။

Ref: ပြည်မြန်မာနေ့စဉ်

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *