How-to

Laptop တစ်လုံး ဝယ်တော့မယ်ဆိုရင်

Laptop တစ်လုံး ဝယ်ဖို့ဆို လူတွေက ဘာတံဆိပ်ဝယ်ရင်ကောင်းမလဲလို့ဘဲ ကနဦး မေးကြပါတယ်။ ဒါပေမယ့် ကိုယ်ဝယ်မယ့် Laptop က ဘာတွေသုံးလို့ရလဲ၊ ဘာအားသာချက်ရှိလို့ ဝယ်ချင်တာလဲ၊ ကိုယ့်အလုပ်နဲ့ကိုက်ညီရဲ့လား အစရှိတာတွေကိုပါ မေးသင့်တယ်။ ဒါကြောင့် Laptop တစ်လုံးဝယ်မယ်ဆို သိထားသင့်တဲ့ အခြေခံ အကြောင်းအရာတွေကို ဖော်ပြပေးလိုက်ပါတယ်။

SSD ပါပါသလား
အခုခေတ် Laptop တွေက အရင်လိုမဟုတ်တော့ပါဘူး။ Hard Disk တွေမှာ SSD ကို အသုံးပြုလာကြပါပြီ။ SSD ဆိုတာက Solid State Drive ဖြစ်ပါတယ်။ ဆိုလိုတာက အရင်ကလို အဝိုင်းပြား လည်ပတ်တဲ့ Hard Disk မဟုတ်တော့ဘဲ ဆားကစ်ပေါ်မှာတင် သိုမှီးထားတဲ့ နည်းပညာဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်ဝယ်မယ့် Laptop က ဈေးကြီးတယ်ဆိုရင် SSD လေးတော့ ပါသင့်ပါတယ်။

Graphic Card
များသောအားဖြင့် Laptop တွေကို ရုံးသုံးအဖြစ် အသုံးပြုကြတာများပေမယ့် ဂိမ်းကစားလိုသူ၊ ဒီဇိုင်းဆွဲချင်သူတွေအတွက်တော့ Laptop မှာ သီးသန့် Graphic Card ပါ၊ မပါက အရေးကြီးပါတယ်။ Graphic Card ပါမပါကတော့ စက်ရဲ့ specification ကိုကြည့်ပြီး သိနိုင်ပါလိမ့်မယ်။

Keyboard နဲ့ touchpad
Laptop မှာ တပ်ဆင်ထားတဲ့ keyboard က အသုံးပြုရတာ ငြိမ့်ညောင်းမှုရှိရဲ့လား၊ touchpad ကကော သွက်သွက်လက်လက်အလုပ်လုပ်နိုင်ရဲ့ လားဆိုတာကို မဝယ်ခင်ကတည်းက စစ်ဆေးရပါမယ်။ ဒါ့အပြင် အဲဒီအရာတွေကို အစားထိုးလဲလှယ်နိုင်မယ့် အပိုပစ္စည်းရှိမရှိဆိုတာကိုလည်း မေးမြန်းထားရပါမယ်။

Battery
Laptop ဝယ်ပြီဆိုမှာတော့ ကွန်ပျူတာကို သွားရင်းလာရင်း အသုံးပြုချင်လို့ပဲ ဖြစ်တာပေါ့။ ဒါကြောင့် ပလပ်ပေါက်မရှိတဲ့၊ charging မသွင်းနိုင်တဲ့ နေရာမျိုးတွေမှာ ကိုယ့်လုပ်ငန်းတွေ ချောချောချူချူပြီးနိုင်ဖို့ Laptop Battery ရဲ့ သက်တမ်းကလည်း အရေးကြီးပါတယ်။ ဒါကြောင့် Laptop ဝယ်တော့မယ်ဆို အဲဒီ Laptop ရဲ့ ဘက်ထရီသက်တမ်းကို စစ်ဆေးမေးမြန်းသင့်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *