Featured, How-to

Gaming PC တစ်လုံး ဖြစ်လာဖို့

PC လောကသက်တမ်းရှည်တာက Gaming ကြောင့်ပဲဖြစ်ပါတယ်။ PC ပေါ်က ဂိမ်းကစားသူတွေဟာ သူတို့ရဲ့ ကွန်ပျူတာတွေကို စွမ်းဆောင်ရည်ကောင်းမွန်ဖို့ ပစ္စည်းကောင်းတွေ ဝယ်ဆင်သလို၊ ဆက်စပ်ပစ္စည်းတွေဆိုရင်လည်း အကောင်းစားတွေချည်းသာ တပ်ဆင်လေ့ရှိကြပါတယ်။ တစ်ကယ့် ဂိမ်းသမားစစ်စစ်မဟုတ်တဲ့သူတွေတောင် သူတို့ရဲ့ ကွန်ပျူတာကို တတ်နိုင်သမျှအကောင်းဆုံး၊ နောက်ဆုံးပေါ်ဂိမ်းတွေ၊ ဆော့ဖ်ဝဲလ်တွေအသုံးပြု၊ ကစားနိုင်ဖို့ ဝယ်ယူကြပါတယ်။ ဒါဆို..ဂိမ်းသမားစစ်၊ ဂိမ်းသီးသန့်ကစားဖို့အတွက် ဘယ်လို ကွန်ပျူတာက အကောင်းဆုံးလဲ၊ ကိုယ့်ဖာသာကိုယ် ဆင်မယ်ဆိုရင် ဘာတွေကို ထည့်သင့်လဲဆိုတာ လေ့လာကြည့်ရအောင်။

Processor
ဂိမ်းတစ်ခုနဲ့ တစ်ခုက Hardware ပိုင်း လိုအပ်ချက်တွေမတူပါဘူး။ ဒါပေမယ့် Gaming PC တစ်ခုရဲ့ အဓိကအကျဆုံးအချက်ကတော့ Graphic နဲ့ CPU တို့ကြား ဟန်ချက်ညီနေဖို့ဘဲဖြစ်ပါတယ်။

Gaming PC တစ်ခုအတွက် အသင့်တော်ဆုံး Processor တွေဟာ Overclock လုပ်လို့ရတဲ့ processor ပဲဖြစ်ပါတယ်။ ဆိုလိုတာကတော့ သတ်မှတ်ထားတဲ့ စွမ်းဆောင်ရည်ထက် ပိုမိုကျော်လွန်အောင် လုပ်ဆောင်နိုင်တဲ့ processor မျိုးတွေဖြစ်ပါတယ်။ ဒါပေမယ့် Overclocking processor တွေအသုံးပြုမယ်ဆိုရင်တော့ cooling system တွေပါ လိုအပ်တဲ့အတွက် Casing ကောင်းကောင်း၊ Power Supply ကောင်းကောင်းတော့လိုအပ်ပါလိမ့်မယ်။

တစ်ကယ်လို့ ကိုယ်က Overclocking မတတ်နိုင်ဘူးဆိုရင်လည်း Intel quad-core Core i5-4690K လိုဟာမျိုးက အဆင်ပြေပါလိမ့်မယ်။ အကောင်းဆုံးဆိုရင်တော့ Core i7 ပေါ့။

Motherboard
ကိုယ့် PC အတွက် motherboard ရွေးချယ်ပြီဆိုရင် အချက်အလက်ပေါင်းများစွာလိုအပ်ပါတယ်။ ကိုယ်က နည်းပညာနဲ့ မနီးစပ်ဘူးဆိုရင်တောင်မှ ကိုယ်တပ်ဆင်မယ့် motherboard က Processor၊ Graphic တို့ကို အထောက်အပံ့ပေးနိုင်ရဲ့လားဆိုတာ စစ်ဆေးရပါမယ်။

Gaming PC တစ်ခုကို ဈေးသက်သက်သာသာနဲ့ဆင်မယ်ဆိုရင် Intel H81 Express chipset ကမဆိုးပါဘူး။ သူဟာ အခြား အမြင့် board တွေထက် ဈေးနှုန်းသက်သာပေမယ့် အမြင့် board တွေရဲ့ feature မျိုးတော့ပါဝင်မှာ မဟုတ်ပါဘူး။ ဥပမာပြောရရင်တော့ Overclocking လို လုပ်ဆောင်မှုတွေပါ။

USB 3.0၊ SATA ports၊ Intel Smart Response Technology လို လုပ်ဆောင်မှုတွေကို အလိုရှိတယ်၊ ပိုက်ဆံလည်း တတ်နိုင်တယ်ဆိုရင်တော့ Z97 motherboard ကိုပဲ ရွေးချယ်လိုက်ပါ။

Graphics Card
Gaming PC ဆင်မယ်ဆို ပထမဆုံး ပြေးမြင်မိတာက Graphics Card ပဲဖြစ်ပါလိမ့်မယ်။ တစ်ကယ်တော့ Gaming PC မှာ အကုန်လုံးက အရေးကြီးပါတယ်။ ကိုယ့်ရဲ့ Processor က သွက်လက်မြန်ဆန်နေမယ်ဆိုရင် Graphics Card က စွမ်းဆောင်ရည်အပြည့်ပေးနိုင်ပါလိ့မ်မယ်။

လက်ရှိ Nvidia ရဲ့ နောက်ဆုံးထွက် GeForce GTX 960 ဟာ ဈေးလည်းကြီးသလို စွမ်းဆောင်ရည်ကလည်း အပြည့်ပါပဲ။ ဒီထက်ပိုပြီး ပိုက်ဆံတပ်နိုင်ရင်တော့ ဒေါ်လာ ၁၀ဝ၀ လောက်ရှိတဲ့ GTX 970 က ဂိမ်းတွေကို Ultra mode နဲ့ကစားနိုင်ပါတယ်။

Cooling
အပေါ်မှာ ပြောခဲ့သလိုဘဲ ကိုယ်က Gaming PC ဆင်ထားတဲ့အတွက် အထဲမှာ အသုံးပြုတာတွေကလည်း အပူချိန်မြင့်မားမယ့်အရာတွေဖြစ်ပါတယ်။ ပစ္စည်းတစ်ခုတိုင်းမှာ heat sink၊ fan လိုဟာတွေပါဝင်ပေမယ့် casing တစ်ခုလုံးကို Cooling ပေးဖို့တော့လိုအပ်ပါလိမ့်မယ်။ Cooling ပေးတဲ့နေရာမှာ Water Cooling လို အရာတွေရှိသလို၊ Fan တွေနဲ့ချည်းပဲ Cooling လုပ်တာမျိုးတွေရှိပါတယ်။ Water Cooling ကိုတော့ ကျွမ်းကျင်သူတွေနဲ့ပဲ တပ်ဆင်တာ အကောင်းဆုံးလို့ အကြံပေးချင်ပါတယ်။

Keyboard, Mouse, Headset
Gaming Mouse တွေ၊ Gaming Keyboard တွေ၊ Gaming Headset တွေကတော့ အမှတ်တံဆိပ်စုံပါတယ်။ အများဆုံးသိကြမှာကတော့ Razor Series ပဲဖြစ်ပါလိမ့်မယ်။ အခြား အမှတ်တံဆိပ်တွေဖြစ်တဲ့ Steel Series၊ Hyper X တို့လည်းရှိပါတယ်။ Keyboard နဲ့ Mouse ကို ရွေးချယ်တဲ့နေရာမှာ Mouse ရဲ့ DPI၊ Binding Keys တွေကို အဓိက ထားသင့်ပြီး Keyboard မှာဆိုရင်တော့ ကိုင်တွယ်ရ သက်သာမှု၊ ကြာရှည်ခံနိုင်မှု၊ W, A, S, D လိုအရာမျိုးကို အထူးပြုလုပ်ထားမှုတွေပါဝင်ပါလိမ့်မယ်။ Headset ကတော့ ကိုယ်နှစ်သက်တဲ့ ပုံစံကို အသုံးပြုနိုင်ပါတယ်။

Power
Gaming PC မဟုတ်ရင်တောင်မှ ကိုယ့်ရဲ့ PC ထဲ ပစ္စည်းတွေတော်တော်များနေပြီဆိုရင် Watts မြင့်တဲ့ Power Supply မျိုးသုံးရပါတယ်။ ဒါကြောင့် Gaming ဆိုရင်တော့ 1,000 Watts လောက်တော့ သုံးသင့်တယ်လို့ အကြံပေးချင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *