News

Twitter မှ အမြဲတမ်း CEO ခန့်အပ်တော့မည်

Twitter မှာ လက်ရှိ ယာယီ အမှုဆောင်အရာရှိချုပ် (CEO) အဖြစ် လုပ်ကိုင်နေတဲ့ Jack Dorsey ဟာ အမြဲတမ်း CEO ဖြစ်လာဖို့ရှိတယ်လို့ Recode သတင်းဌာနက ဆိုပါတယ်။ Dorsey ဟာ Twitter ကို ပူးတွဲ တည်ထောင်ခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။

Jack Dorsey ဟာ လက်ရှိအချိန်မှာ ငွေပေးချေရေး ကုမ္ပဏီတစ်ခု ဖြစ်တဲ့ Square မှာလည်း အမှုဆောင်အရာရှိချုပ်ဖြစ်ပါတယ်။ ဒါကြောင့် ၎င်းက Twitter ရဲ့ CEO ဖြစ်လာခဲ့မယ်ဆိုရင် Steve Jobs နဲ့ Elon Musk တို့လို ကုမ္ပဏီနှစ်ခုလုံးကို ကိုင်တွယ်ရသူ ဖြစ်လာပါလိမ့်မယ်။ Steve Jobs ဟာ Apple ကို ကိုင်တွယ်စဉ်က Pixar ကုမ္ပဏီကိုလည်း ဦးဆောင်ခဲ့သူဖြစ်ပြီး Musk ကလည်း လက်ရှိ အီလက်ထရောနစ် ကားကုမ္ပဏီ Tesla Motors နဲ့ အာကာသနည်းပညာ ကုမ္ပဏီ Space X တို့ရဲ့ အမှုဆောင်အရာရှိချုပ်ဖြစ်ပါတယ်။

Dorsey ဟာ Twitter ရဲ့ အမှုဆောင်အရာရှိချုပ်ဟောင်း Dick Costolo ရာထူးမှ နုတ်ထွက်ပြီးနောက် ဇွန်လ ၁ ရက်မှာ ယာယီ အမှုဆောင်အဖြစ် လုပ်ကိုင်ခဲ့တာဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်ပြီးတော့ Twitter နဲ့ Square တို့က မှတ်ချက်ပေးထားခြင်းမရှိသေးပါဘူး။

Leave a Reply

Your email address will not be published. Required fields are marked *