Google Inc ၏ ဥက္ကဋ္ဌဖြစ်သူ Eric Schmidtသည် မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်ပြီး ၂၂.၃.၂၀၁၃ (သောကြာနေ့)တွင် ရန်ကုန်မြို့ MICT Parkတွင် ကွန်ပျူတာ လောကသားများနှင့် တွေ့ဆုံမည့်အကြောင်း မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ်မှ ဖိတ်ကြားချက်ကို Myanmar ICT ဂျာနယ်မှ မူရင်းအတိုင်း မျှဝေပေးလိုက်ပါသည်။
မြန်မာကွန်ပျူတာ လောကသားများခင်ဗျား။
Google၏ အမှုဆောင် ဥက္ကဋ္ဌ (ယခင် CEO)ဖြစ်သူ ဒေါက်တာ အဲရစ်-ရှမစ် (Dr.Eric Schmidt)သည် မကြာမီ မြန်မာနိုင်ငံ သို့လာရောက်လည်ပတ် လေ့လာရန်ရှိပြီး ၂၂-၃-၂၀၁၃ (သောကြာနေ့)ရန်ကုန်မြို့ MICT Parkတွင် ကွန်ပျူတာ လောကသားများနှင့် တွေ့ဆုံဆွေးနွေးရန် စီစဉ်လျက် ရှိပါသည်။Google ဥက္ကဋ္ဌအား မိတ်ဆွေတို့ မေးမြန်းလိုသည်များကို ကြိုတင်ပေးထားခြင်းဖြင့် အချိန်ကို ထိရောက်စွာ အသုံးချနိုင်စေရန် ကူညီဆောင်ရွက် ပေးလိုပါသည်။ မိတ်ဆွေတို့၏ မေးခွန်းများကို 50 Wordsခန့်ဖြင့် ထိထိရောက်ရောက် မေးရန် အကြံပြုလိုပါသည်။ ယင်းတို့ကို စုစည်း၍ ကြိုတင် ပေးထားရန် စီစဉ်ပါမည်။ မေးခွန်းများကို subject:”Google”ဟု တပ်၍ ဤ Emailသို့ ပို့ရန် မေတ္တာရပ်ခံလိုပါသည်။
Email:mciaoffice@gmail.com
လေးစားစွာဖြင့်
MCIA (International Relations Committee)