Gaming

Blood-C: The Last Dark

Blood-C-The-Last-Dark

Blood-C: The Last Dark ရုပ်ရှင်ဟာ 2011က ထွက်ရှိထားတဲ့ Blood-C Animation Seriesရဲ့ တိုက်ရိုက် အဆက်ဖြစ်ပြီး Blood-C Seriesရဲ့ ဇာတ်သိမ်းလည်း ဖြစ်ပါတယ်။ Blood-C Seriesဟာ နာမည်ကြီး Blood Franchsiရဲ့ နောက်ဆုံး ထွက်ရှိထားတဲ့ Animation Seriesဖြစ်ပြီး Blood-C မတိုင်ခင်က အခြား Seriesနှင့် ရုပ်ရှင်တွေဖြစ်တဲ့ Blood: The Last Vampire OVA Movie, Korea မင်းသမီး Jun Ji Hyun ပါဝင်ထားတဲ့ Live Action ရုပ်ရှင်ဇာတ်ကားနှင့် Blood+ အမည်ရ Anime Seriesတို့လည်း ထွက်ရှိဖူးပါတယ်။ အခု နောက်ဆုံး ထွက်ရှိထားတဲ့ အရင် ဇာတ်လိုက်မင်းသမီး ဖြစ်ပြီး Monster Slayer တစ်ယောက်ဖြစ်တဲ့ Saya ပါဝင်ထားပြီး ယခင် ဇာတ်လမ်းတွေနှင့် တိုက်ရိုက် ဆက်စပ်မှု မရှိတဲ့အတွက် Actionနှင့် Supernatural ဇာတ်လမ်း စိတ်ဝင်စားသူတိုင်း ကြည့်ရှုနိုင်ပါတယ်။ Blood-Cကိုတာ့ အရင် Blood Seriesတွေရဲ့ Studio ဖြစ်တဲ့ Production I.Gနှင့် နာမည်ကျော် Manga Artist အဖွဲ့ CLAMPတို့ ပူးပေါင်း ရေးဆွဲထားတာ ဖြစ်ပြီး CLAMP အဖွဲ့အနေနှင့် ဇာတ်ကောင် ဒီဇိုင်းပိုင်းနှင့် ဇာတ်လမ်းပိုင်းကော ဇာတ်ညွန်းပိုင်းတွေမှာ ပါဝင်ထားပါတယ်။ အမျိုးသမီး Mangaka ၄ယောက် ပါဝင်တဲ့ CLAMPဟာ Cardcaptor Sakura, Chobitsနှင့် Tsubasa Chronicles Seriesတွေရဲ့ ဖန်တီးရှင် အဖွဲ့ ဖြစ်သလို လူကြိုက်များတဲ့ Code Geass Seriesရဲ့ Character Designerတွေလည်း ဖြစ်ပါတယ်။

Blood-C Seriesမှာတော့ Sayaကို နေ့ခင်းဘက်မှာ သာမန် ကျောင်းသူတစ်ယောက်အသွင်၊ ညဘက်မှာတော့ မကောင်းဆိုးဝါး Furukimonoများကို နှိမ်နှင်းသူ တစ်ယောက်အဖြစ် မြင်တွေ့ရမှာဖြစ်ပြီး Episode အတော်များများက Furukimonoတွေနှင့် Sayaရဲ့ တိုက်ခိုက်ခန်းတွေကို အသားပေးထားတဲ့ Action ဇာတ်လမ်း ဖြစ်ပေမယ့် Blood-C: The Last Dark ရုပ်ရှင်ကတော့ Furukimonoတွေနှင့် Sayaရဲ့ တိုက်ပွဲများထက် ဇာတ်လမ်းပိုင်း ပို အသားပေးထားတာ တွေ့ရပါတယ်။ အခု Blood-C: The Last Darkမှာတော့ Sayaဟာ သူမကို အတိတ်မေ့အောင် ပြုလုပ်ပြီး သူမရဲ့သွေးမှ တစ်ဆင့် မကောင်းဆိုးဝါး Furukimonoတွေကို ကိုယ်တိုင် ထိန်းချုပ်နေသလို လူသားများနှင့် Furukimonoတို့ကြားမှ သဘောတူညီမှု စာချုပ်ကို ချိုးဖောက်ရန် ကြိုးပမ်းနေသူ Fumitoကို လက်စားချေရန် ကြိုးပမ်းပုံ ဇာတ်လမ်း ဆင်ထားပါတယ်။ Series အပြီးမှာ လွတ်မြောက်သွားတဲ့ Fumito ရှိရာ Tokyoမြို့သို့ Saya ကိုယ်တိုင် ရောက်ရှိလာပုံနှင့် The Last Dark ရုပ်ရှင်ကို အစပျိုးထားပြီး Production Qualityကတော့ Production I.Gရဲ့ ထုံးစံအတိုင်း အလွန် ထူးခြား ကောင်းမွန်နေတာ တွေ့ရမှာပါ။

Blood ရုပ်ရှင်နှင့် OVAတွေရဲ့ ထုံးစံအတိုင်းပဲ ရထားပေါ်မှ တိုက်ပွဲတစ်ခုနှင့် ဇာတ်လမ်း ဖွင့်ထားပြီး ဇာတ်ကောင် လှုပ်ရှားမှုပိုင်း၊ အလင်းအမှောင်ပိုင်းနှင့် Animation Qualityပိုင်းကတော့ ဇာတ်လမ်း အစထဲက အထူးကောင်းမွန်တာ တွေ့ရမှာပါ။ အရင် Seriesက ဇာတ်ကောင်အများစု ပြန်လည် မပါတော့ သလို၊ တော်တော်များများလည်း သေကုန်ပြီဆိုတော့ Sayaနှင့်အတူ Fumitoကို နှိမ်နှင်းဖို့ ကြိုးစားနေတဲ့ SIRRUT အမည်ရ Hacker အဖွဲ့ကို ထည့်သွင်း ပေးထားပြီး Mana Hiiragiနှင့် Hiro Tsukiyama အစရှိတဲ့ ဇာတ်ကောင် အသစ်တွေကို ထည့်သွင်း ပေးထားပါတယ်။ The Last Dark ရုပ်ရှင်ဟာ ဇာတ်လမ်း အသားပေးဖြစ်ပေမယ့် ဇာတ်ကောင်အသစ်တွေဟာ အရင် Seriesကလောက် စိတ်ဝင်စားဖို့ ကောင်းတာ မတွေ့ရသလို Series အလယ်ပိုင်းနှင့် နောက်ပိုင်းတုန်းကလို ကြမ်းတမ်းရက်စက်တဲ့ Actionခန်းတွေ နည်းသွားတဲ့အတွက် မျှော်လင့်ထား သလောက်ကြီး အားရဖို့ မကောင်းတာ တွေ့ရမှာပါ။ CGI Effectတွေအနေနှင့် ယာဉ်တွေ၊ အဆောက်အဦးတွေမှာ သုံးထားတာ ကြည့်ကောင်းပေမယ့် CGI သုံးပြီး ဆွဲထားတဲ့ Furukimonoတွေက 2D Versionလောက် ကြည့်မကောင်းတာ တွေ့ရပါတယ်။ CLAMP ဇာတ်လမ်းတွေ ထုံးစံ Cross Overအနေနှင့် XXXHolic ဇာတ်လမ်းနှင့် အနည်းငယ် ချိတ်ဆက်ထားတာ တွေ့ရမှာပါ။ Blood-C: The Last Darkဟာ TV Seriesလောက် ကြည့်ရတာ အရသာ မတွေ့ပေမယ့် Animation Qualityနှင့် Actionခန်းတွေ ရေးဆွဲထားတာ ကောင်းမွန်တဲ့ ရုပ်ရှင်ဖြစ်လို့ Action Horror ဇာတ်လမ်း စိတ်ဝင်စားသူနှင့် မူရင်း Blood-C Series ကြည့်ပြီး သူတွေ အနေနဲ့ကတော့ ကြည့်ရှုသင့်တဲ့ Animation Movie တစ်ကား ဖြစ်ပါတယ်။

author-avatar

About Nay Aung Latt

အမည်ရင်းမှာ နေအောင်လတ်ဖြစ်ပြီး Myanmar ICTတွင် Game Animation/ PC Game များအကြောင်းကို ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *