News

ဆေးပညာနိုဗယ်လ်ဆု အမေရိကန် သိပ္ပံပညာရှင်များ ဆွတ်ခူး

ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့ အခြေစိုက် နိုဗယ်လ်ဆု ရွေးချယ်ရေးကော်မတီသည် ၂၀၁၃ခုနှစ်အတွက် နိုဗယ်လ်ဆုရှင်များ စာရင်းကို အောက်တိုဘာ ၇ရက်တွင် စတင်ကြေညာခဲ့ရာ ဆေးပညာဆိုင်ရာ နိုဗယ်လ်ဆုကို အမေရိကန် သိပ္ပံပညာရှင် သုံးဦးတို့က ပူးတွဲဆွတ်ခူးခဲ့ကြောင်း သိရသည်။

အမေရိကန် သိပ္ပံပညာရှင်များ ဖြစ်ကြသည့် ဆေးတက္ကသိုလ်မှ ဂျိမ်းစ်အီးရော့သ်မင်း၊ ကယ်လီဖိုးနီးယား ဘာကလေ တက္ကသိုလ်မှ ရန်ဒီရှက်ခ်မင်းနျင့် ဂျာမန်နွယ်ဖွား သိပ္ပံပညာရှင် သောမတ်ဆူးဒေါ့ဖ်တို့သည် ဆဲလ်များ၏ မော်လီကျူးသယ်ပို့မှုစနစ်အား ချုပ်ကိုင်ထားသည့် ယန္တရား စနစ်ကို ဖေါ်ထုတ်နိုင်ခဲ့ရာ ယင်းအောင်မြင်မှုကြောင့်ပင် ဆေးဘက်ဆိုင်ရာ နိုဗယ်လ်ဆု ချီးမြင့်ခံခဲ့ရခြင်း ဖြစ်သည်ဟု ဆိုသည်။

ယင်းတို့၏ သုတေသန ပြုလုပ်မှုများကြောင့် လူ့ဆဲလ်များက မော်လီကျူး သယ်ပို့မှု မည်သို့ အချိန်ကိုက် လုပ်ဆောင်နိုင်စွမ်းရှိသည်ဟူသော အဖြေကို ဖေါ်ထုတ်နိုင်ခဲ့ကြောင်း ဆေးဘက်ဆိုင်ရာ နိုဗယ်လ်ဆုရှင် ကြေညာချက်၌ ဖေါ်ပြထားသည်။ ၎င်းတို့သည် သက်ရှိဆဲလ်များ၏ လမ်းကြောင်းထိန်းချုပ်မှုစနစ်ကို ဖေါ်ထုတ်နိုင်ခဲ့သောကြောင့် ဆီးချိုရောဂါ၊ ခုခံအား စနစ် ကမောက်ကမဖြစ်သည့် ရောဂါများကဲ့သို့သော ရောဂါများအတွက် ကုထုံးသစ်များ ရှာဖွေရာတွင် အထောက်အကူ ပေးနိုင်မည် ဖြစ်သည်ဟု သိရသည်။ ၂၀၁၃ခုနှစ်၏ ဆေးပညာဆိုင်ရာ နိုဗယ်လ်ဆုကို ပူးတွဲရရှိခဲ့သော အမေရိကန်သိပ္ပံပညာရှင် သုံးဦးတို့သည် ဆုကြေးငွေ အမေရိကန်ဒေါ်လာ ၁ဒသမ ၂သန်းကို ခွဲဝေယူကြရမည် ဖြစ်ပါသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *