ဇိမ်ခံကား သက်သက်မဟုတ်ပဲ ၀န်သယ်လူစီး အဆင့်မြင့် ကားကောင်း တစ်စီးနဲ့ မိတ်ဆက်ပေးချင်ပါတယ်ဗျာ။ သူကတော့ ကမ္ဘာကျော် ကားကုမ္ပဏီကြီးဖြစ်တဲ့ BMWက ထုတ်လုပ်လိုက်တဲ့ 2013 BMW X1 ဖြစ်ပါတယ်။ ဥရောပဈေးကွက်ရဲ့ ၂၀၁၃ခုနှစ်အတွင်း လူကြိုက်အများဆုံး ကားစာရင်းမှာ နံပါတ် ၅ နေရာကို ရရှိထားတာမို့ အာလုံးက စိတ်၀င်စားကြလိမ့်မယ်လို့ ထင်ပါတယ်ဗျာ။ မော်ဒယ်အနေနဲ့က သုံးမျိုးပြန်ခွဲထားပြီး sDrive 28i, xDrive 28iနဲ့ xDrive35iတို့ ဖြစ်ပါတယ်။ အင်ဂျင်ပိုင်းမှာတော့ လေးလုံးထိုးအင်ဂျင် turbocharged အင်ဂျင်နဲ့ ခြောက်လုံးထိုး အင်ဂျင် နှစ်မျိုးရှိမှာဖြစ်ပြီး နှစ်သက်ရာ အမျိုးအစားကို ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ sDrive 28iနဲ့ xDrive 28i မော်ဒယ်တွေ အတွက်ကတော့ လေးလုံးထိုး turbocharged အင်ဂျင်ကို တပ်ဆင်ထားပြီး လေးဘီးယက် စနစ်ဖြစ်ပါတယ်။ xDrive35iအတွက်ကိုတော့ ခြောက်လုံးထိုး အင်ဂျင် တပ်ဆင်ထားတာ တွေ့ရပြီး AWDစနစ် ဖြစ်ပါတယ်။ ဈေးနှုန်းက ဒေါ်လာ ၃၀,၅၆၂ ကနေ ၃၇,၈၆၃ အတွင်း မော်ဒယ်အပေါ် မူတည်ပြီးတော့ ကွာဟမှုရှိမှာ ဖြစ်ပါတယ်။ ဆီစားနှုန်း အနေနဲ့ကတော့ မြို့တွင်းမှာ ဆီတစ်ဂါလံကို ၂၄ မိုင်နှုန်းနဲ့ အေ၀းပြေးလမ်းမတွေ ပေါ်မှာဆိုရင် ၃၄ မိုင်နှုန်း အထိမောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။ ဆန်းသစ်မှုအပိုင်းမှာတော့ အရင်က ထုတ်လုပ်ခဲ့တဲ့ BMW X1မော်ဒယ် ငါးမျိုးကို ပြန်လည် ဆန်းသစ်ပြီး အကောင်းဆုံးဖြစ်အောင် ဖန်တီးထားတယ်လို့ ဆိုပါတယ်။ ထူးခြားတာ တစ်ခုကတော့ ပေါ့ပါးတဲ့ Eight-speed Automatic Transmissionအဖြစ် ဖန်တီးထားတာပါပဲ။ ကိုယ်ထည်ပိုင်း သုံးသပ်ချက်များအရ တချို့ကတော့ ၀န်စည်စလယ် အတွက်နေရာ ကျဉ်းမြောင်းတယ်လို့ ပြောနေကြပေမဲ့ တချို့ကလည်း ခရီးသည်လေးယောက်အတွက် သက်တောင့်သက်သာ စီးနင်း နိုင်စေမှာဖြစ်သလို ထိုင်ခုံငါးလုံးစာ ပါ၀င်တဲ့အတွက် အဆင်ပြေတယ်လို့ ပြောနေကြပါတယ်။ ကားရဲ့ Cabinကို အရည်အသွေး အကောင်းဆုံး သတ္တုနဲ့ ပြုလုပ်ထားပါတယ်။ ဒါ့အပြင် ရှေ့ခုံတွေမှာ အပူချိန်ထိန်းညှိတဲ့စနစ် ပါ၀င်ပြီး iDrive Information Systemနဲ့ Satellite Radioတွေပါ သုံးစွဲနိုင်ပါတယ်။ Mediaပိုင်းမှာက Bluetooth, USB Portနဲ့ HD Radioတွေ ပါ၀င်နေတာ တွေ့ရပါတယ်။ ဘရိတ်စနစ်၊ Steering အပိုင်းနဲ့ ဆီစာနှုန်းတွေမှာ ကောင်းမွန်မှုများစွာ တွေ့ရပေမယ့် စနစ်ဟောင်းကို ပြန်ပြင်ထားခြင်း ဖြစ်ပြီး မော်ဒယ်သစ် မဟုတ်တာကိုတော့ သတိပြုရမှာပါ။ ကားကျွမ်းကျင် အကဲဖြတ်သူများရဲ့ သုံးသပ်ချက်များ အရ ခရီးသည် လုံခြုံမှု၊ စွမ်းဆောင်ရည်၊ အတွင်းပိုင်း ခိုင်ခ့ံမှုနဲ့ နည်းပညာ ဆန်းသစ်မှုတွေမှာ မှတ်ချက်ကောင်းတွေ ရရှိထားပါတယ်။ အမေရိက အခြေစိုက် ကားအကဲဖြတ်သူများရဲ့ မှတ်ချက်တွေအရလည်း စွမ်းဆောင်ရည်နဲ့ ဈေးနှုန်းအပိုင်းမှာ ကောင်းမွန်တဲ့ မှတ်ချက်တွေရထားပြီး လုံခြုံစိတ်ချရမှုနဲ့ ယုံကြည် စိတ်ချရမှု အပိုင်းတွေမှာတော့ သာမန်ကားတွေလောက်ပဲ သတ်မှတ်ထားတာ တွေ့ရပါတယ်။ တကယ်လို့ BMW X1ကို စိတ်၀င်စားတယ် ဆိုရင်တော့ Golden Dragon Trading၊ ဖုန်းနံပါတ် 09-732-543-55 ကို ဆက်သွယ်ပြီး လေ့လာ၀ယ်ယူနိုင်မှာ ဖြစ်ပါတယ်။
2013 BMW X1

08
Apr