News

သင်္ချာထူးချွန်သည့် ၁၀နှစ်သားလေး ဇူးရစ်တက္ကသိုလ်၀င်ခွင့်ရ

ဆွစ်ဇာလန်အထက်တန်း သချာၤစာမေးပွဲကို အပျော်သဘောဖြေဆို အောင်မြင်သော ၁၀နှစ်သား ယောကျာ်းလေးတစ်ဦးသည် ဂုဏ်သတင်းကျော်ဇော်သော ဇူးရစ် တက္ကသိုလ်၌ အဆိုပါ ဘာသာရပ်နှင့် သက်ဆိုင်သည့် အထူးသင်တန်းတစ်ခုကို တက်ရောက်လျက်ရှိကြောင်း ၄င်းတက္ကသိုလ်က ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်ဟု သိရသည်။ ၁၀နှစ်သားလေး၏ အမည်မှာ မက်ဆီမီလန်ဂျန်နစ်ရှ်ဖြစ်ပြီး သူ၏ဖခင်သည် အငြိမ်းစားပါမောက္ခတစ်ဦး ဖြစ်သည်။ တက္ကသိုလ်ရှိ ဘာသာရပ်ဆိုင်ရာ အထူးသင်တန်းတွင် တက်ရောက်ခွင့်ပြုသူများအနက် ဂျန်းနစ်ရှ်သည် အသက်အငယ်ဆုံး ကလေးတစ်ဦးလည်းဖြစ်ကြောင်း တက္ကသိုလ်ကျောင်းအုပ်ကြီး မိုက်ကယ်ဟင်ဂတ်တနာက ပြောကြားခဲ့သည်။

ဂျန်းနစ်ရှိသည် အလွန်ထက်မြက်သည့် ကလေးငယ်ဖြစ်ပြီး သူ၏အသက်အရွယ်နှင့် မလိုက်အောင် သဘောတရား အတော်များများကို နားလည် သဘောပေါက် နေသူဖြစ်ကြောင်း မစ္စတာဟင်ဂတ်တနာက ပြောကြားခဲ့သည်။ မူလတန်းစာသင်ကျောင်းတွင် ဂျန်နစ်ရှ်သည် စာသင်တန်းသုံးတန်းကို ကျော်ဖြတ်ခွင့်ပြုခြင်းဖြင့် ချီးမြှောက် ခံရသော်လည်း တက္ကသိုလ်တွင်မှု တရား၀င်တက်ရောက် သင်ကြားခွင့်ပြုခြင်း မခံရကြောင်းသိရသည်။ ဂျန်နစ်ရှ်အနေနှင့် အရည်အချင်းရှိသော အထက်တန်း ကျောင်းသားများအတွက် ရည်ရွယ်ထားသော အထူးသင်ရိုးများကိုမူ ဆက်လက်ဆည်းပူးခွင့် ရမည်ဖြစ်ကြောင်း သိရသည်။

တက္ကသိုလ်တွင် သူ့ထက်အသက်များစွာ ကွာခြားလှသော အတန်းဖော်များနှင့် ပတ်သက်၍ မိတ်ဆွေဖွဲ့ရာတွင်မူ သူသည် စပယ်ရှယ်လစ်တစ်ဦးမဟုတ်ကြောင်း၊ ဂရိသချာၤပညာရှင် အာခိမိဒိနှင့် ပတ်သက်၍ ဆွေးနွေးနိုင်မည့်သူ တစ်ဦးတစ်ယောက်ကိုမျှလည်း တွေ့ရှိခဲ့ခြင်း မရှိကြောင်း၊ ၁၉ရာစုက ကျော်ကြားခဲ့သော ဂျာမန်သချာၤပညာရှင် ကားလ်ဖရက်ဒရစ်ချ်ကိုပင် ကြားဖူးသူမရှိသလောက်ဖြစ်ကြောင်း ဂျန်နစ်ရှ်က ညည်းတွားခဲ့သည်ဟု ဆိုသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *