News

အာရှပုံနှိပ် ထုတ်ဝေသူများ အသင်း၏ ဆုသုံးဆု မြန်မာတိုင်း(မ်) ရရှိ

Myanmar-Times

အကောင်းဆုံး သတင်းပုံနှိပ်ထုတ်ဝေနိုင် မှုအတွက် ပေးသည့်အာရှရှိ ပုံနှိပ်ထုတ်ဝေသူ များ အသင်းဆုပေးပွဲ (Society of Publishers in Asia-SOPA)ကို ဇွန်လ ၆ရက်နေ့တွင် ဟောင်ကောင်၌ ကျင်းပခဲ့ရာ မြန်မာတိုင်း(မ်)ဂျာနယ်သည် ထိပ်တန်းဆု များ ဖြစ်သည့် အကောင်းဆုံး သတင်းဓာတ် ပုံဆုနှင့် အကောင်းဆုံးသတင်း ကာတွန်းဆု တို့ကို အာရှတိုက်အတွင်းရှိ အခြားထိပ်တန်း သတင်းစာများကို ဖြတ်ကျော်သွားပြီး ဆွတ် ခူးရရှိခဲ့ကြောင်း သိရပါသည်။ မြန်မာ့ တိုင်း(မ်)သည် အဆိုပါ ထိပ်တန်း ဆုနှစ်ဆု အပြင် ၂၀၁၂ခုနှစ်အတွင်း ပုံနှိပ် ဖော်ပြခဲ့ သည့် သတင်းများမှ Opinion Writingဆု အမျိုးအစားအတွက် ပေးသည့် အထူးဆု တစ်ဆုကိုလည်း မြေယာအခွင့်အရေးနှင့် ပတ်သက်သည့် ရေးသားဖော်ပြချက် ဖြင့် ရရှိခဲ့သည်ဟု ဆိုပါသည်။

သတင်းဓာတ် ပုံဆုမှာ ယင်းဂျာနယ်၏ သတင်းဓာတ်ပုံ ကဏ္႑တွင် ၂၀၁၂ခုနှစ်၊ စက်တင်ဘာလက ဖော်ပြခဲ့သည့် ဓာတ်ပုံဆရာကောင်းထက်နှင့် ကိုတိတ်တို့၏ ရန်ကုန်မြို့တွင် အပြည်ပြည် ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ စီတန်းလှည့်လည် ဆန္ဒပြနေပုံ ဓာတ်ပုံများဖြင့် ဆုရရှိခဲ့ခြငး် ဖြစ် သည်။ ကာတွန်းဆုမှာ ဟန်လေး၏ လက်ရာ ကာတွန်းဖြစ်သည်။ မြန်မာတိုင်း(မ်)ရရှိခဲ့ သည့် အထူးဆုသည် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး Time to Seige The Momentခေါင်းစဉ်ဖြင့် မြန်မာ တိုင်း(မ်) အင်္ဂလိပ်စာစောင် အယ်ဒီတာ သောမတ်စ်ကင်းန် ရေးသားခဲ့သည့် သုံးသပ် ချက် အမျိုးအစား သတင်းတစ်ပုဒ်အတွက် ရရှိခဲ့ခြင်း ဖြစ်သည်။ အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသည့် အမျိုးအစားများအတွက် မြန် မာတိုင်း(မ်)ဂျာနယ်နှင့် ဖနွမ်းပင်ပို့စ် သတင်း စာတို့ကို South China၊ Morning Post , Straits Timesနှင့် Jakarta Globe ကဲ့သို့ သတင်းစာများနှင့် အပြိုင်ဝင်ရောက် ယှဉ် ပြိုင်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ပြိုင်ပွဲ အမျိုး အစားတွင် စောင်ရေ ၅၀,၀၀၀အောက် ထုတ်ဝေသည့် မဂ္ဂဇင်းများနှင့် သီးခြား ဝက်ဘ်ဆိုက်များလည်း ဝင်ရောက် ယှဉ်ပြိုင် ခွင့်ပေးထားသည်ဟု သိရပါသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

One thought on “အာရှပုံနှိပ် ထုတ်ဝေသူများ အသင်း၏ ဆုသုံးဆု မြန်မာတိုင်း(မ်) ရရှိ

  1. may thu kyaw says:

    ဂုဏ္ယုပါတယ္…

Leave a Reply

Your email address will not be published. Required fields are marked *