News

အထပ်မြင့်ခေါင်မိုးပေါ်မှာ အလုပ်လုပ်နိုင်တဲ့ LG ရဲ့ သန့်ရှင်းရေး စက်ရုပ်

LG က သူ့ရဲ့ သန့်ရှင်းရေးစက်ရုပ်ကို အိမ်တွင်းမှာပဲ အသုံးပြုစေချင်တဲ့ပုံမပေါ်ပါဘူး။ သန့်ရှင်းရေးစက်ရုပ်ကို အိမ်ခေါင်မိုးပေါ်မှာပါ အလုပ်လုပ်စေချင်ပုံပေါ်ပါတယ်။ LG က သူ့ရဲ့ သန့်ရှင်းရေးစက်ရုပ်ကို အထပ်မြင့်အဆောက်အဦးရဲ့ ခေါင်မိုးပေါ်မှာ စမ်းသပ်ပြခဲ့ ပါတယ်။

အဆိုပါစက်ရုပ်ဟာခေါင်မိုးရဲ့ ထောင့်စွန်းနေရာတွေကိုပါ သန့်ရှင်းရေးလုပ်နိုင်ပါတယ်။ ဆင်ခြေလျော ခေါင်မိုးတွေမှာလည်း အောက်ကိုမပြုတ်ကျဘဲ အလုပ်လုပ်နိုင်တာ တွေ့ရပါတယ်။ ခေါင်မိုးပေါ်မှာ စက်ရုပ်နှစ်ခုဟာ ဘောလုံးတောင်ကစားပြလိုက် ပါသေးတယ်။

LG က ဇန်နဝါရီလမှာ ပြုလုပ်ခဲ့တဲ့ CES ပွဲမှာ ထူးခြားဆန်းပြားတဲ့ နည်းပညာထုတ်ကုန်တွေကို ပြသခဲ့ပါတယ်။ ကွေးကောက် မျက်နှာပြင်တပ်ဆင်ထားတဲ့ တီဗီ၊ ကွေးကောက်နိုင်တဲ့ တီဗီ၊ 4K TV ၊WebOS TV၊ စမတ်လက်ကောက်နဲ့ သန့်ရှင်းရေး စက်ရုပ်အပါအ၀င် အိမ်သုံးအီလက်ထရောနစ်ပစ္စည်းတွေကို စမတ်ဖုန်းမှတစ်ဆင့် အဝေးကခိုင်းစေနိုင်တဲ့ HomeChat နည်းစနစ် စတာတွေကို ပြသခဲ့ပါတယ်။ အဲဒီအကြောင်းကို အောက်ကလင့်မှာ ဖတ်ရှုနိုင်ပါတယ်။

/news/ces-%E1%80%95%E1%80%BD%E1%80%B2%E1%80%99%E1%80%BE-lg-%E1%80%9B%E1%80%B2%E1%80%B7-%E1%80%91%E1%80%B0%E1%80%B8%E1%80%81%E1%80%BC%E1%80%AC%E1%80%B8%E1%80%86%E1%80%94%E1%80%BA%E1%80%B8%E1%80%95%E1%80%BC/

သန့်ရှင်းရေးစက်ရုပ် ရဲ့ အထပ်မြင့်ခေါင်မိုးပေါ်မှာ အလုပ်လုပ်ပုံတွေကို အောက်ကဗီဒီယိုမှာ ကြည့်နိုင်ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *