ဒစ်ဂျစ်တယ်ခေတ်မှာ ဓာတ်ပုံတွေကို စိတ်ကူးအမျိုးမျိုးနဲ့ ပုံဖော်နိုင်ကြပါတယ်။ အခု Antonio Da Cruz (www.photofiltre.com) ရေးသားထုတ်လုပ်တဲ့ PhotoFiltre Studio X Version 10.2.1 သည် ဓာတ်ပုံတစ်ပုံကို ဘယ်လိုပြောင်းနိုင်တယ်ဆိုတဲ့ လုပ်ဆောင် ချက်တွေပြည့်နေတဲ့ အံ့သြဖွယ် ဆော့ဖ်ဝဲဖြစ်ပါတယ်။
PhotoFiltre Studio သည် သုံးရလွယ်ကူပြီး ကွန်ပျူတာ စသုံးသူများအတွက်ပင် သုံးနိုင်တဲ့ ဆော့ဖ်ဝဲလည်း ဖြစ်ပါတယ်။ လုပ်ဆောင်နိုင်ချက်တွေလည်း အလွန်များပါတယ်။ ဓာတ်ပုံပညာရှင်များပင် အားကိုးပြုနိုင်တယ် လို့ဆိုပါတယ်။ သင့်အတွက် စမ်းသပ်သုံးကြည့်သင့်တဲ့ ဆော့ဖ်ဝဲတစ်ခုဖြစ်ပါတယ်။ PhotoFiltre Studio သည် သင့်အတွက် ပျော်ရွှင်ဖွယ် လုပ်ဆောင်ချက် များကိုပေးနိုင်ပြီး အပျော်တမ်းသုံးသည်ဖြစ်စေ၊ ပရော်ဖက်ရှင်နယ် အဖြစ် သုံးသည်ဖြစ်စေ သင့်အတွက် စမ်းသပ်သုံးသင့်တဲ့ ဆော့ဖ်ဝဲတစ်ခုဖြစ်တာကတော့ သေချာပါတယ်။ Photoshop ထက်တောင် လုပ်ကိုင်ရပိုပြီး အဆင်ပြေတယ်လို့လည်း ပြောထား သေးတယ်လေ။ သင့်အနေနဲ့ ဓာတ်ပုံပညာ မကြွယ်ဝသည့်တိုင် ပုံတစ်ပုံကို ဘယ်လိုပြောင်းချင်တယ်ဆိုတာ အလွယ်တကူ လုပ်ဆောင်နိုင်မှာပါ။ မသုံးတတ်လို့ အားငယ်နေသူများအတွက်လည်း တစ်ပန်းသာတဲ့အတွက် ကျေနပ်ကြမယ်လို့ ထင်ပါတယ်။ အဲဝယ်မသုံးချင်သူတွေအတွက်ကတော့ ဒီဆော့ဖ်ဝဲကို ရက် ၃၀ အခမဲ့စမ်းသပ်ခွင့်ရလို့ ဓာတ်ပုံပြောင်းချင်ပြင်ချင်တာတွေ ဝါသနာပါရင် download ချ သုံးကြည့်လိုက်ပေါ့နော်။