နောက်တစ်ပတ်ထဲတွင် ဘာစီလိုနာမှာ ကျင်းပပြုလုပ်မယ့် Mobile World Congress တွင် သူ့ရဲ့ ထုတ်ကုန်များကို ပြသမယ်လို့ သိရပါတယ်။ ZTE က Firefox OS 1.3 ကို အသုံးပြုထားတဲ့ Device တစ်ခု နဲ့ ခြောက်လက်မအရွယ် Android OS Device တစ်ခုကို ပြသမယ်လို့ သိရပါတယ်။ အဆိုပါ ၆ လက်မ Android Smartphone ကို Grand Memo II LTE လို့ အမည်ပေးထားပြီး အလွန်ပါးလွှာမယ်လို့ သိရပါတယ်။
ZTE က ZTE Open C, Firefox OS 1.3 Smartphone တို့ကို ဘာစီလိုနာမှာ.ပြသမှာဖြစ်ပြီး MiFavor 2.3 User Interface ကိုလည်း ထုတ်ဖော်ပြသမှာ ဖြစ်ပါတယ်။ ZTE က ပြီးခဲ့တဲ့နှစ် Mobile World Congress တွင် ၅.၇ လက်မ အရွယ် Android Grand Memo နဲ့ Firefox OS အခြေပြု ZTE Open တို့ကိုလည်း ပြသခဲ့ပါတယ်။