News

လူငယ်တွေကြားမှာ ရေပန်းစားနေတဲ့ အိုပန် ဂန်းနမ်း စတိုင်လ်

oppa gangnam style

တောင်ကိုရီယားရဲ့ ဂီတနှင့် ရုပ်ရှင်ဟာ ကမ်ဘာကြီးကို အရှိန်အဟုန်ဖြင့် တစိမ့်စိမ့် ယိုစီးလာနေသလို ပရိသတ် အများစု တည်ရှိရာ အာရှ တစ်၀ှမ်းမှာဆိုရင်လည်း တောင်ကိုရီးယားရဲ့ နာမည်ကျော် (Celebrity)များကို မသိသူ မရှိလောက်အောင် ဖြစ်လာတယ်ဆိုရင်လည်း မမှားပါဘူး။ ဤသို့ အောင်မြင်မှုများထဲမှ ယခုအခါ ပြည်တွင်း၌ ပုံစံသစ်ဖြင့် လူငယ်တွေ ပါးစပ်ဖျား ရေပန်းစားနေ တာကတော့ တောင်ကိုရီးယား Rapper, Psy (ဆိုင်လ်)လို့ လူသိများတဲ့ ပါ့ခ်ဂျေ-ဆင်ရဲ့ ‘Oopan Gangnam Style’ (ဂန်းနမ်း စတိုင်လ်)ဆိုတဲ့ K-pop တေးသီချင်းလေးပဲ ဖြစ်ပါတယ်။ ဒီသီချင်းလေးကိုတော့ Psy ကိုယ်တိုင် ရေးဖွဲ့ သီဆိုထားပြီး ၄င်း၏ ခြောက်ခွေမြောက် အယ်လ်ဘမ်ဖြစ်တဲ့ Yukgop ထဲမှာ တင်ဆက်ထားခြင်း ဖြစ်ပါတယ်။

ယခုအခါ www.YouTube.comလို ကမ်ဘာ့တစ်၀ှမ်းမှ ဗီဒီယိုတွေကို မျှေ၀နေတဲ့ ၀က်ဆိုဒ်လေးမှာတော့ ပရိတ်သက် အများဆုံး ကြည့်ရှုကြတဲ့ စာရင်းတွေထဲမှာ ထိပ်ဆုံးက ပါ၀င်ပြီး၊ ပြည်တွင်းမှ လူငယ်များရဲ့ ပါးစပ်ဖျားမှာ ရေပန်းစားနေတဲ့အတွက်ကြောင့် အိုင်စီတီ အဖွဲ့သားများမှ ဘယ်လို ဘယ်ကြောင့်လည်းဆိုတာ တင်ဆက်လိုက်ရပါတယ်။တောင်ကိုရီးယား Rapper ကြီးဟာ 2001 ခုနှစ်လောက်က ဆေးခြောက် လက်၀ယ်ရှိမှုနှင့် တောင်ကိုရီးယား Won သန်း ၅၀၀ ဒဏ်ချ ခံရပြီး၊ ၄င်းနိုင်ငံရဲ့ မ၀င်မနေရ စစ်တပ် တာ၀န်များကိုလည်း ၂၀၀၃ မှ ၂၀၀၅ အထိ ထမ်းဆောင်ခဲ့ သည်ဟုလည်း Wikipediaမှာ ဖော်ပြထားပါသည်။ သမီးလေး နှစ်ယောက် ရှိပြီး သုံးနှစ်ခွဲကြာ သမီးရည်းစားဖြစ်ခဲ့သူ Yoo Hye Yeanကိုတော့ 2006 ခုနှစ်မှာ လက်ထပ်ခဲ့တယ်လို့လည်း ဆိုပါတယ်။

လက်ရှိ ကမ်ဘာတစ်၀ှမ်းမှာ အဆိုတော်ကြီးရဲ့ ကမ်ဘာကျော်နေတဲ့ အိုပန် ဂန်းနမ်း စတိုင်လ် ကတော့ ကိုရီးယားဘာသာ စကားဖြစ်ပြီး YouTubeမှာ အဓိက အောင်မြင်နေခြင်းကတော့ သူကိုယ်တိုင် ၀င်ရောက် သရုပ်ဆောင်ထားခြင်းလည်း တစ်ခန်း တကဏ္႑က ပါ၀င်တယ်လို့ ဆိုပါတယ်။ ခေတ်သစ် လူနေမူပုံစံတွေကို ဖော်ကျူးထားတဲ့ ထိုသီချင်းလေးဟာတော့ ဟာသလည်း မြောက်၊ စတိုင်လ်လဲ ကျ၊ ကခုန်ဖို့ အလွန် ကောင်းပြီး၊ မျက်လုံးထဲက မဖျောက်နိုင်လောက်အောင် ဆွဲဆောင်မှုလည်း ရှိပါတယ်။ နာမည်ကြီး Girl Band ဖြစ်တဲ့ 4minute ထဲက Hyna (ဟွန်န) ကလည်း အသံဖြင့် အထောက်အပံ့ ပေးထားသလို ၄င်း Music Video ထဲမှာလည်း Psyရဲ့ စိတ်၀င်စားတဲ့ ကောင်မလေး တစ်ယောက်အဖြစ် သရုပ်ဆောင်ထားပါသေးတယ်။

အိုပန်ကတော့ မြန်မာလို အစ်ကိုကြီးကို ခေါ်တာဖြစ်ပြီး ဂန်းနမ်း ဆိုတာကတော့ မြန်မာပြည်က ရွေှတောင်ကြားလို ရပ်ကွက်မျိုးကို ဆိုလိုကြောင်း ရှင်းပြထားပါတယ်။ 2012 သြဂုတ်လ 14 ရက်နေ့မှာ ပြန်လည် ထုတ်ေ၀ခဲ့တဲ့ Music Video လေးကို YouTubeပေါ် တင်ပြီး ၃ပတ် အကြာမှာတော့ ပရိသတ် ၂၅ သန်းကျော်မှ တစ်ခဲနက် အားပေးမှုကိုလည်း ခံခဲ့ရပါတယ်။
အမေရိကန်၊ အင်္ဂလန် အစရှိသည့် အနောက်နိုင်ငံများမှာလည်း ထိပ်တန်း စာရင်း၀င်ခဲ့တဲ့ “မြင်းတစ်ကောင်လို ခုန်ဆွ ခုန်ဆွ” ကိုယ်ပိုင် စတိုင်လ် အသစ်နဲ့ ကခုန်နေတဲ့ ထို Music Video လေးဟာတော့ ယခုအခါ ပြည်တွင်းရှိ Night Club တွေမှာတောင် DJ များရဲ့ ညတိုင်း ညတိုင်း လက်စွဲတော် သီချင်းတစ်ပုဒ် ဖြစ်နေကြောင်း သတင်းများအရ သိရပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *