Cameras, Review

Autofocus Performance မြင့်မားတဲ့ Nikon D700

အိုင်စီဂျာနယ်ရဲ့ ဒီစာမျက်နှာမှာ ကင်မရာ Review တွေကို အပတ်စဉ် ဖော်ပြပေးနေတာ ပရိတ်သတ်ကြီးလဲ သိကြမှာပါ။ တစ်ပတ်နဲ့ တစ်ပတ် မထပ်ရအောင်လည်း ကင်မရာ အမျိုးအစားတွေကို ပြောင်းလဲ ဖော်ပြပေးလျှက် ရှိပါတယ်။ ကင်မရာတစ်လုံး ၀ယ်ယူရာမှာ အထောက်အကူပေးရန် ရည်ရွယ်ပါတယ်။
ဒီတစ်ပတ် ဖော်ပြပေးမယ့် ကင်မရာကတော့ Nikon D700 ပဲ ဖြစ်ပါတယ်။ ဒီကင်မရာက Nikonရဲ့ Full-Frame ရိုက်ကူးနိုင်တဲ့ ကင်မရာတွေထဲမှာ အပေ့ါပါး ဆုံးနဲ့ ဈေးနှုန်း အသက်သာဆုံး ဖြစ်ပါတယ်။ Nikon ကင်မရာတွေက ဈေးနှုန်း သက်သာပြီး အကြမ်းခံတဲ့အတွက် ပြည်တွင်း ဈေးကွက်ထဲမှာတော့ လူကြိုက်များတာ ကို တွေ့ရပါတယ်။ ဒါကြောင့် ဒီကင်မရာလေးက အပျော်တမ်း ဓာတ်ပုံဆရာတွေအတွက် အသင့်လျော်ဆုံးလို့ ထင်ပါတယ်။

အဓိက Feature များ
12.1 Megapixel ရှိပြီး Full-Frame Sensorလည်း ပါ၀င်ပါတယ်။ ISO range အနေနဲဲ့ 200ကနေ 6400အထိ ရှိပါတယ်။ DX lens အားလုံး တပ်ဆင် အသုံးပြုနိုင်ပြီး 5 Frames per Second အထိ ဆက်တိုက် ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။ 3.0″ 922,000 pixel ရှိတဲ့ LCD ပေါ်မှာ လုပ်ဆောင်ချက်တွေ အားလုံးကို Display လုပ်ပေးနိုင်မှာ ဖြစ်ပါတယ်။

Weight
အလေးချိန်က ၂.၄ ပေါင်သာ ရှိတဲ့အတွက် ၃ ပေါင်နဲ့အထက် အလေးချိန်ရှိတဲ့ Canon EOS-1D ကင်မရာထက်စာရင်တော့ အလွန် ပေါ့ပါးတာ တွေ့ရပါတယ်။ ဒါပေမယ့်လည်း အခြား Full-Frame ကင်မရာ ဖြစ်တဲ့ Sony Alpha DSLR-A900 နဲ့ Canon EOS 5D ထက်တော့ အနည်းငယ်လောက် လေးပါတယ်။ Bodyကို Magnesium-Alloyဆိုတဲ့ သတ္ထု တစ်မျိုးဖြင့် ပြုလုပ်ထားသည့်အတွက် ရာသီဥတုဒဏ်ကို လုံး၀ ခံနိုင်ရည် ရှိမှာ ဖြစ်ပါတယ်။

ဒီဇိုင်း
Nikonရဲ့ ထုံးစံအတိုင်း ဒီဇိုင်းပိုင်းကိုလည်း အဆန်းဆုံး အသပ်ရပ်ဆုံး ဖြစ်အောင် ပြင်ဆင်ထားတာကို တွေ့ရပါတယ်။ Settingတွေ အားလုံးကိုလည်း ကင်မရာရဲ့ အရှေ့ နဲ့ အနောက်မှာ တပ်ဆင်ထားတဲ့ Buttonတွေကနေတစ်ဆင့် အလွယ်တကူ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ ကင်မရာရဲ့ Top Left ဘက်မှာ Quality, White Balance, and ISO buttons, Live View, Self timer, and Mirror lock-up စတာတွေကို အသုံးပြုနိုင်ပါလိ်မ့်မယ်။ Top Right ဘက်မှာဆိုရင် Power Switchနဲ့ PASM Modeတို့ ပါ၀င်ပါတယ်။

အသုံးပြုရာမှာ ပို စမတ်ကျ
Nikon D700 ကင်မရာက ကမ်ဘာ့ အကောင်းဆုံး ဒီဂျစ်တယ် ကင်မရာတွေထဲမှာ တစ်ခု အပါအ၀င် ဖြစ်ပါတယ်။ အရည်အသွေး ထိပ်တန်းကျတဲ့ 3″ LCD ပါ၀င်ပြီး INFO Buttonနဲ့ Smarter Firmware တွေကြောင့် အရင် ထွက်ရှိပြီးသား D3 ထက် အသုံးပြုရာမှာ ပိုပြီး စမတ်ကျပါတယ်။

5D Mark II ထက်သာတဲ့ အချက်ရှိ
ဒီကင်မရာက Canon 5D Mark II ထက် Autofocus Performance သာလွန်တာကို တွေ့ရပါတယ်။ 5D Mark IIရဲ့ AF systemက အလင်းရောင် အားနည်းတဲ့ အချိန်မှာ ပြေးလွှား ဆော့ကစားနေတဲ့ ကလေးတွေကို ရိုက်ကူးရာမှာတော့ Quality အားနည်းတာကို တွေ့ရပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ 5D Mark IIမှာက D700မှာ အသုံးပြုနိုင်တဲ့ Face Recognition စနစ် မပါ၀င်တဲ့အတွက် Focus ဖြတ်တဲ့နေရာမှာ တိကျမှု မရှိပါဘူး။

Key Features
» 12.1 megapixel full-frame sensor
» Image Sensor Cleaning (vibration)
» ISO 200 – 6400
» Also supports DX lenses
» Nikon EXPEED image processor
» Multi-CAM3500FX Auto Focus sensor
» Auto-focus tracking by color
» Scene Recognition System
» 5 frames per second continuous with auto-focus tracking
» 3.0″ 922,000 pixel LCD monitor
» HDMI HD video output
» Magnesium alloy body

အားသာချက်
Nikon D700 ရဲ့ အားသာချက်ကတော့ ISO range မြင့်မားတာကြောင့် Photo Quality ပိုင်းမှာတော့ ထူးကဲ ကောင်းမွန်ပါတယ်။ နောက်ပြီး Focus ဖြတ်တာ မြန်ဆန်ပြီး ရိုက်ကူးတဲ့ နေရာမှာလည်း မြန်ဆန်လှတဲ့အတွက် ပွဲဓါတ်ပုံတွေကို မလွတ်စေပဲ အကောင်းဆုံး ရိုက်ကူးနိုင်ပါလိ်မ့်မယ်။

အားနည်းချက်
သူ့ရဲ့ အားနည်းချက်ကတော့ Resolutionကို နှိပ်ချပြီး ရိုက်ကူးတဲ့အခါ Viewfinderက 95% လောက်ပဲ အတိအကျ ဖော်ပြပေးနိုင်ပါတယ်။ နောက်ပြီး ပြုလုပ် ဖန်တီးထားတဲ့ အလင်းရောင်တွေအပေါ် White Balanceတွေကို အလိုအလျောက် ချိန်ညှိပေးနိုင်တဲ့ စနစ်ကိုလည်း Low Resolutionမှာ အသုံးပြုလို့ မရနိုင်ပါဘူး။

သုံးသပ်ချက်
ဒီကင်မရာက Resolution အရမ်းကြီး မမြင့်မားပေမယ့်လည်း ပုံထွက် အရည်အသွေး ကောင်းမွန်ပါတယ်။ Professional ဆန်ဆန် Full-Frame ကင်မရာ တစ်လုံး ကိုင်ဆောင်လိုသူများအတွက်တော့ Nikon D700က အသင့်လျော်ဆုံးလို့ ထင်မြင်မိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *