News

YouTube မှ ဗီဒီယိုများ တရားဝင် သိမ်းထားနိုင်တော့မည်

အွန်လိုင်းဗီဒီယို ဝက်ဘ်ဆိုက်ဖြစ်တဲ့ YouTube ဟာ အောက်တိုဘာ ၂၁ ရက်မှာ လစဉ်အခပေး ဝန်ဆောင်တစ်ရပ်ကို စတင်လိုက်တင်လိုက်တယ်လို့ သိရပါတယ်။

YouTube Red လို့ အမည်ရမယ့် အခပေးဝန်ဆောင်မှုက အခုလက်ရှိ လူတိုင်းအသုံးပြုနေတဲ့ အခမဲ့ဝန်ဆောင်မှုနဲ့ ခြားနားမှုများစွာရှိပါတယ်။ YouTube Red ကို အသုံးပြုဖို့ တစ်လကို ၁၀ ဒေါ်လာ ပေးသွင်းရမှာဖြစ်ပါတယ်။ တစ်လ ၁၀ ဒေါ်လာ ပေးသွင်းခြင်းဖြင့် YouTube ပေါ်မှာ ဗီဒီယိုကြည့်စဉ် ကြော်ငြာများ မပါဝင်မှု၊ ဗီဒီယိုများကို ဖုန်း (သို့မဟုတ်) တက်ဘလက်များပေါ်တွင် သိမ်ထားနိုင်မှု၊ YouTube မှ ထုတ်လုပ်သော အထူးသီးသန့် show များ၊ ရုပ်ရှင်များကြည့်ရှုနိုင်မှုတို့ကို ရရှိသွားမှာ ဖြစ်ပါတယ်။

“သင်တို့ချစ်ပြီး ကြိုက်တဲ့ YouTube ကဆက်ရှိဦးမှာပါ၊ ဒါပေမယ့် ဒီလိုအတွေ့အကြုံအသစ်ကို ပေးစွမ်းနိုင်ဖို့နဲ့ YouTube ကို ကြော်ငြာမပါပဲ ကြည့်ရမယ့် ဝန်ဆောင်မှုမျိုးဖြစ်လာဖို့ ကျွန်တော်တို့ ကြိုးစားထားပါတယ်”လို့ ကုမ္ပဏီရဲ့ အကြီးအကဲတစ်ဦးဖြစ်တဲ့ Robert Kyncl က ဆိုပါတယ်။

YouTube ဆိုတာဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်ကတည်းက လူအများက အမခဲ့အသုံးပြုလာတာဖြစ်တဲ့အတွက် ကုမ္ပဏီအနေနဲ့လည်း အသုံးပြုသူများအနေနဲ့ အခုလိုအခပေး ဝန်ဆောင်မှုကို သုံးချင်ရဲ့လား၊ တန်ရဲ့လားဆိုတဲ့ စစ်တမ်းကောက်ယူမှုတွေပြုလုပ်ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *