News

Western Digital (WDC) မှ Sandisk ကို ဝယ်ယူတော့မည်

ကွန်ပျူတာ Hard Disk များ ထုတ်လုပ်ရာမှာ နာမည်ကြီးတဲ့ Western Digital (WDC) ကုမ္ပဏီဟာ micro SD ကဒ်များ ထုတ်လုပ်တဲ့ ကုမ္ပဏီဖြစ်တဲ့ Sandisk ကို အမေရိကန်ဒေါ်လာ ၁၉ ဘီလီယံဖြင့် ဝယ်ယူတော့မယ်လို့ သတင်းများထွက်ပေါ်လာခဲ့ပါတယ်။

WDC ဟာ SanDisk ကို ဒေါ်လာ ၁၉ ဘီလီယံ (သို့မဟုတ်) ရှယ်ယာတစ်ခုအား ၈၆ ဒသမ ၅၀ ဒေါ်လာဖြင့် ဝယ်ယူသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

“Western Digital နဲ့ SanDisk တို့ဟာ ထုတ်ကုန်ချင်းတူပါတယ်၊ hard disk တွေ၊ SSD တွေ၊ cloud data center တွေ အစရှိသဖြင့်ပေါ့၊ ဒါကြောင့် ကျွန်တော်တို့ ကုမ္ပဏီ နှစ်ခုပေါင်းပြီး တစ်ခြား ထုတ်ကုန်အများအပြားကို ထပ်မံထုတ်လုပ်သွားနိုင်တော့မှာ ဖြစ်ပါတယ်”လို့ Wester Digital က သတင်းထုတ်ပြန်ကြေညာခဲ့ပါတယ်။

ထို့နောက် ကုမ္ပဏီနှစ်ခုပူးပေါင်းပြီး ပစ္စည်းရောင်းချခြင်းတင်မက နှစ်ဦးနှစ် ဖက်လုံးရဲ့ ထုတ်လုပ်မှုစရိတ်များကိုလည်း လျှော့ချရာရောက်ကြောင်း WDC ကဆိုပါတယ်။

“အဆင့်မြင့် နည်းပညာတွေနဲ့ ဆန်းသစ်တဲ့ ထုတ်ကုန်တွေ၊ storage device တွေ၊ အဆင့်မြင့် ထုတ်ကုန်တွေကို ထုတ်လုပ်သွားမှာဖြစ်ပြီး Storage ဈေးကွက်ကို ဦးဆောင်သွားကြမှာပါ”လို့ Western Digital ရဲ့ အမှုဆောင်အရာရှိချုပ် Steve Milligan က ပြောကြားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *