News

အစိုးရမှ မိမိ၏ Facebook အကောင့်ကို စောင့်ကြည့်ပါက Facebook မှ အကြောင်းကြားမည်

မိမိရဲ့ Facebook အကောင့်ကို NSA (အမေရိကန်အမျိုးသားလုံခြုံရေးအဖွဲ့)ကဲ့သို့ အစိုးရအဖွဲ့အစည်းများမှ စောင့်ကြည့်နေပါက Facebook မှ ယင်းစောင့်ကြည့်ခံရသူအား အသိပေး အကြောင်းကြားသွားမယ်လို့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

အကြောင်းကြားခံရပါက ယခုလိုတွေ့ရမည်

အကြောင်းကြားခံရပါက ယခုလိုတွေ့ရမည်

“သင့်အကောင့်ကို အစိုးရကနေ တိတ်တဆိတ်စောင့်ကြည့်နေမယ်၊ အစိုးရကထောက်ပံ့ထားတဲ့ အဖွဲ့က စောင့်ကြည့်နေမယ်ဆို ကျွန်တော်တို့ အဲဒီအသုံးပြုသူကို အကြောင်းကြားသွားမှာပါ”လို့ Facebook ရဲ့ လုံခြုံရေးအကြီးအကဲ Alex Stamos က Facebook Blog ကတဆင့် ပြောကြားခဲ့ပါတယ်။

ထို့နောက် ယင်းကဲ့သို့ အကြောင်းကြားခြင်းက စောင့်ကြည့်ခံနေရသည်ဟူသည့် အကြောင်းအရင်းခိုင်လုံမှသာ အသိပေးမှာဖြစ်ကြောင်း Stamos ကဆိုပါတယ်။

အသုံးပြုသူအနေနဲ့ ယင်းကဲ့သို့ အကြောင်းကြားခံရပါက မိမိရဲ့ ကွန်ပျူတာ OS ကို ပြောင်းလဲခြင်းဖြစ်စေ၊ အသစ်ပြန်လည် ထည့်သွင်းခြင်းဖြစ်စေ ပြုလုပ်သင့်တယ်လို့ Facebook က သတင်းထုတ်ပြန်ထားပါတယ်။


Leave a Reply

Your email address will not be published. Required fields are marked *