News, Review

ICT.com.mm မှာ ORGANIC TA’ ANG Pu’er Tea တွေကို ဝယ်ယူနိုင်ပါပြီနော်

လက်ဖက်ပင် သက်တမ်း ရင့်လာ လေလေ အဲ့အပင်က ရရှိတဲ့ လက်ဖက်ရဲ့ အရသာဟာ ပိုကောင်းပြီး ဆေးဖက် ဝင် လေပါပဲ။ ORGANIC TA’ ANG Pu’er Tea ဟာဆိုရင် တအာင်း (ပလောင်) ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ တဝိုက်နှင့် ပလောင် လူမျိုးတို့ နေထိုင်ကြသော မိုးကုတ်၊ ကျောက်မဲ၊ တန့်ယန်း၊ နမ့်ခမ်း၊ မန်တုံ၊ မိုင်းကိုင် ဒေသတဝိုက်မှထွက်ရှိတဲ့ လက်ဖက်များနှင့် ထုတ်လုပ်ထားတာဖြစ်ပါတယ်။
ORGANIC TA’ ANG Pu’er Tea က USDA (U.S Department Of Agriculture) နဲ့ EU Organic အဖွဲ့အစည်း ၂ ခုကနေ Organic Certified ရထားတဲ့ Product လည်းဖြစ်ပါတယ်။
Pu’er Tea ၁ ချပ်ကို Pu’er Tea အလေးချိန် ၃၆၀ ဂရမ် ပါရှိပါတယ်။ ၅ ဂရမ်ကို ရေနွေး၁ လီတာနဲ့ သောက်သုံးလို့ရပါတယ်။ ရေကုန်သွားလျှင် နောက်ထပ် ရေနွေး ၁ လီတာ ထပ်တည်သောက်လို့ရပြီး ၃ ကြိမ်သောက်လို့ရပါတယ်။ Tea အနေနဲ့ သောက်သုံးပြီးသား အရွက်ကို ပြုတ်ပြီးသုပ်စားလို့လဲ ကောင်းပါတယ် ။ အဲ့အရွက်တွေကသက်တမ်း ၁၀၀ ရှိတဲ့အပင်က အရွက်တွေဖြစ်လို့ စားရတာပိုပြီး အရသာတွေ့စေမှာပါ။
မိမိ ကျန်းမာရေးအတွက် ဆေးဘက်ဝင်တဲ့ Tea လေးသောက်စမ်းကြည့်ချင်တယ်ဆိုရင်တော့ ICT.com.mm ရဲ့ ဒီအောက်ကလင့်ခ်ထဲဝင်ဝယ်လို့ရပါပြီနော်။

Leave a Reply

Your email address will not be published. Required fields are marked *