News, Review, Video Conferencing Systems

Yealink Meeting Kit အကြောင်း

ခုလိုချိန်မျိုးမှာ အိမ်မှာ work from home လုပ်နေကြသူတွေအတွက် အရည်အသွေးမြင့်ပြီး စမတ်ကျတဲ့ Meeting တစ်ခုဖြစ်ဖို့ရာ Yealink နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Yealink UVC30-CP900-BYOD Meeting Kit လေးဟာဆိုရင် တကယ်ကိုကောင်းတဲ့ Video Conferencing System တစ်ခုပါ။

Yealink UVC30 Room USB Camera, Yealink CP900 HD Speakerphone နဲ့ Yealink BYOD Box တွေကို ပေါင်းစပ်ပေးထားပါတယ်။ Yealink UVC30 Room USB Camera က 4K video resolution နဲ့ Maximum 60FPS ထိ ရလို့ အရမ်းကို ရုပ်ထွက်ကောင်းပါတယ်။ 3x digital zoom လည်း ရလို့ Meeting room တွေမှာ သုံးမယ်ဆိုရင်လည်း အဆင်ပြေနိုင်ဦးမှာပါ။ 120° မြင်ကွင်းကျယ်ဖြစ်တာကြောင့် တကယ်ကို အဆင်ပြေပါတယ်။ Facial detection နဲ့ Auto framing လည်း ပါဝင်လို့ တကယ်ဆို အဆင်ပြေလွန်းတာပါပဲ။

Yealink CP900 HD Speakerphone ကတော့ Optima HD voice ရတာကြောင့် အသံအရည်အသွေးက တကယ့်ကို ကြည်လင်ပြတ်သားနေမှာ အမှန်ကါ။

သူတို့ကို ကွန်ပျူတာနဲ့ ချိတ်ဆက်အသုံးပြုဖို့အတွက် Yealink BYOD Box လေးကို သုံးရမှာပါ။ 2x USB3.0 Type-A port, 1x HDMI output, 1x 1.5m Type-C cable, 1x Type-C port for power adapter နဲ့ PD Power adapter တွေပါဝင်လို့ အားသွင်းတာရော ကွန်ပျူတာနဲ့ချိတ်ဆက်တာတွေရောအတွက် တကယ်ကို အဆင်ပြေသွားပြီပေါ့။

အသုံးပြုရတာလည်း တကယ်ကို လွယ်ကူပါတယ်။ ကင်မရာနဲ့ စပီကာကို BYOD box လေးမှာ တပ်ပေးလိုက်ရုံပါပဲ။ ဘာမှ လုပ်စရာမလိုဘဲ တမ်းပြီး အသုံးပြုနိုင်မှာပဲ ဖြစ်ပါတယ်။

အာမခံ (၂)နှစ်ပါဝင်လို့ ယုံကြည်စိတ်ချစွာနဲ့ အသုံးပြုနိုင်ပါပြီ။ ကင်မရာသက်သက်၊ စပီကာသက်သက်လည်း ဝယ်လို့ ရပါတယ်။ ‌အောက်က လင့်ခ်လေးထဲမှာ စီတ်ကြိုက်ဝယ်ယူလိုက်ပါနော်။

Leave a Reply

Your email address will not be published. Required fields are marked *